• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် စီးပွါးရေး ဖွဲ့စည်းပုံ ဆက်တိုက် ကောင်းမွန်လာ

(GMT+08:00) 2017-12-18 09:48:47

တရုတ် နိုင်ငံတော် စာရင်းအင်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ မောင်ရှိန့်ယုံက၊ ယခုနှစ် နိုဝင်ဘာလအတွင်း တရုတ်ပြည် စီးပွါးရေးမှာ ဆက်လက် ပုံမှန် တိုးတက် လာကြောင်း၊ ကုန်ထုတ်လုပ်မှုနှင့် ဝယ်လိုအား မှန်မှန် တိုးတက်လာကြောင်း၊ အလုပ်အကိုင်နှင့် ကုန်ဈေးနှုန်း အခြေအနေမှာ ခြုံပြီး ကြည့်လျှင် ပုံမှန် ဖြစ်ကြောင်း၊ စီးပွါးရေး ဖွဲ့စည်းပုံမှာ ဆက်တိုက် ကောင်းမွန်လာပြီး ကုန်ပစ္စည်း အရည်အသွေးမှာ ဆက်လက် တိုးမြင့်လာကြောင်း မကြာမီက ပီကင်း၌ ပြောကြားခဲ့ပါသည်။

လွန်ခဲ့သည့်နှစ်များအတွင် ကုန်ပစ္စည်း စားသုံးမှုသည် စီးပွါးရေး တိုးတက်မှု အပေါ် အကျိုးပြုစွမ်းဆောင်နှုန်းမှာ တလျှောက်လုံး ဆိုသလို ၆၀ ရာခိုင်နှုန်းကျော် ရှိကြောင်း၊ ယခုနှစ် နိုဝင်ဘာလအတွင်း ကုန်ပစ္စည်း လက်လီရောင်းချမှု ပမာဏမှာ ၁၀ ရာခိုင်နှုန်းကျော် တိုးတက်လာပြီး အင်တာနက် ကုန်ပစ္စည်း လက်လီ ရောင်းချမှု တိုးတက်နှုန်းသည်လည်း ၂၇ ရာခိုင်နှုန်းခန့် ရှိကြောင်း သတင်းရရှိပါသည်။

   Webradio