• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လန်ချမ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှု ဗီယက်နမ်ပညာရှင်ချီးကျူး

(GMT+08:00) 2017-12-17 15:51:16

ဗီယက်နမ်နိုင်ငံ သဘာဝနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအသင်း အမှုဆောင် ကော်မတီဝင် ဟွာကိုယုံက၊ လန်ချမ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှုသည်၊ ပြီးခဲ့သည့် တစ်နှစ်အတွင်း အရေးကြီးသောအောင်မြင်မှုများစွာ ရရှိနိုင်ခဲ့ပြီး၊ တရုတ်ပြည် သည်၊ တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ယခုလ ၁၅ ရက်နေ့က သတင်းထောက်အား ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

လန်ချမ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှု တတိယအကြိမ်မြောက် နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးကို ယခုလ ၁၅ ရက်နေ့က တရုတ်ပြည်ယူနန်ပြည်နယ်တာ့လီမြို့ တွင် ကျင်းပခဲ့ရာ၊ လန်ချမ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှု တိုးတက်မှုနှင့် အောင်မြင်မှု များကို ပေါင်းရုံးသုံးသပ်ပြီး၊ နောက်နောင်တွင် လုပ်ငန်းများကိုလည်း စီမံခန့်ခွဲခဲ့သည်ဟု သတင်းအရသိရသည်။

 

   Webradio