• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည်၊ ဗြိတိန်ဘဏ္ဍာရေးဝန်ကြီးနှင့်တွေ့ဆုံ

(GMT+08:00) 2017-12-17 15:50:43

တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည်၊ ယခုလ ၁၅ ရက်နေ့ညနေ ပိုင်းက ပီကင်းပြည်သူ့ခန်းမဆောင်ကြီးတွင် ၉ ကြိမ်မြောက် တရုတ်-ဗြိတိန်စီးပွားရေးနှင့် ဘဏ္ဍရေးစေ့စပ်ဆွေးနွေးပွဲသို့ တက်ရောက်နေသော ဗြိတိန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Philip Hammond နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ခဲ့ရာ၌၊ လီခေ့ချန်က ယခုနှစ်သည်၊ တရုတ်-ဗြိတိန် သံတမန် အဆက်အသွယ်ထားရှိခဲ့သည့် ၄၅ နှစ် မြောက်နှစ်ဖြစ်ပြီး၊ ၂ နိုင်ငံတို့သည်၊ အပြန်အလှန် လေးစားပြီး၊ တန်းတူညီမျှသော အခြေခံပေါ်တွင် အဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေကြ ကြောင်းပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

 

   Webradio