• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံ

(GMT+08:00) 2017-12-16 15:40:45

တရုတ်ပြည်ယူနန်ပြည်နယ် တာ့လီမြို့၌ ကျင်းပသည့် လန်ချမ်-မဲခေါင်မြစ် ပူးပေါင်း ဆောင်ရွက်မှု တိတယအကြိမ်မြောက်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက် ရောက်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည်၊ ယခုလ ၁၅ ရက်နေ့က  ထိုင်း နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း စီအာအိုင်က ဖော်ပြသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ခဲ့ရာ၌၊ ဝမ်ယိက တရုတ်-ထိုင်းဆက်ဆံမှုသည်၊ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး၊ လက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုလည်း အဆက်မပြတ်နက်ရှိုင်း လာနေကြောင်းပြောကြားခဲ့သည်။

Don Pramudwinai က၊ လန်ချမ်-မဲခေါင်မြစ်ပူးပေါင်းဆောင်ရွက်မှု တိတယ အကြိမ်မြောက်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ တက်ကြွသော အောင်မြင်မှုများရရှိ ခြင်းမှာ ဘက်အသီးသီးတို့၏ အကျိုးတူလိုအင်ဆန္ဒဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio