• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လန်ချမ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှုသည်၊ မွေးထုတ်ပျိုးထောင်ရေးကာလမှ ရှင်သန် ဖွံ့ဖြိုးရေးကာလသို့ ဝင်ရောက်နေပြီဟု ဝမ်ယိပြောကြား

(GMT+08:00) 2017-12-16 09:42:11

     တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည်၊ တရုတ်ပြည်ယူနန်ပြည်နယ် တာ့လီမြို့တွင် ကျင်းပသည့် လန်ချမ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှု တိတယအကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး သတင်းထောက်များနှင့် တွေ့ ဆုံခဲ့ရာ၌၊ ၂၀၁၆ခုနှစ် မတ်လက ပထမအကြိမ်ထိပ်သီးများအစည်းအဝေးတွင် ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်ကို စတင်ခဲ့သည့်နောက်တွင် လန်ချမ်-မဲခေါင်မြစ် ပူးပေါင်းဆောင် ရွက်မှုသည်၊ တစ်ရေတည်းသောက်ခြင်း၊ ကံကြမ္မာဆက်နွယ်ခြင်းဟူသော လိုရင်းအချက်ကို စွဲကိုင်ပြီး၊ ၆ နိုင်ငံတို့ပဝီနေအထားနီးကပ်ပြီး၊ စီးပွားရေးအပြန်အလှန် ဖြည့်ဆည်းရေးစသည့် အားသာချက်များကို အပြည့်အဝအသုံးပြုကာ၊ ၃+၅ ပူးပေါင်းဆောင်ရွက် ရေးမူဘောင်ကို ချမှတ်ခဲ့ပြီဖြစ်ကြောင်းပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းဌာနက ရေးသား ဖော်ပြသည်။

ဆက်လက်၍၊ ဝမ်ယိက၊ လန်ချမ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှုသည်၊ ၆ နိုင်ငံအကြား နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုကို အဆက်မပြတ်တိုးပွားစေပြီး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုလျင်မြန်စွာ တိုးချဲ့ကာ၊ ဘက်ပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်မှု အနေအထားသည်၊ မွေးထုတ်ပျိုးထောင်ရေးကာလမှ ရှင်သန်ဖွံ့ဖြိုးရေးကာလသို့ ဝင်ရောက် နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

   Webradio