• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တိုးမြှင့်မှု ၆ ရပ်ဖြင့် လန်ချမ်-မဲခေါင်မြစ်နိုင်ငံများကံကြမ္မာအသိုက်အဝန်းတည်ဆောက် ကြရ မည်ဟု ဝမ်ယိပြောကြား

(GMT+08:00) 2017-12-16 09:17:53

      တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည်၊ တရုတ်ပြည်ယူနန်ပြည်နယ် တာ့လီမြို့တွင် ကျင်းပသည့် လန်ချမ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှု တိတယအကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့သည့်နောက်တွင်၊ ယခုအကြိမ် အစည်းအဝေးတွင် အောင်မြင်မှုများစွာရရှိခဲ့ကြောင်းမီဒီယာများအား ထုတ်ဖော်ပြောကြား ခဲ့သည် ဆင်ဟွာသတင်းအရသိရသည်။

 ဆက်လက်၍ ဝမ်ယိက၊ ယခုအကြိမ်အစည်းအဝေးတွင် ပူးတွဲသတင်းပြန်တမ်း၊ လန်ချမ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှု သီးသန့် ရံပုံငွေဖြင့် ထောက်ပံ့ပေးသည့် ပထမ အသုတ်အစီအစဉ် စာရင်းများထုတ်ပြန်ခဲ့ပြီး၊ လန်ချမ်-မဲခေါင်မြစ်ပူးပေါင်းဆောင်ရွက်မှု သတင်းအချက်အလက် ပလက်ဖောင်းတည်ထောင်ခြင်းကို ကြေညာခဲ့ကြောင်း၊ ဘက်အသီးသီးတို့အနေနှင့်      တစ်စိတ်တစ်ဝမ်းတည်းပူးပေါင်းဆောင်ရွက်ပြီး၊ တိုးမြှင့်မှု   ၆ ရပ်ဖြင့် လန်ချမ်-မဲခေါင်မြစ်ဝှမ်းဒေသစီးပွားရေးဖွံ့ဖြိုးမှု ရပ်ဝန်းတည်ဆောက်ပြီး၊ လန်ချမ်- မဲခေါင်မြစ်တစ်လျှောက်လုံးနိုင်ငံများ ကံကြမ္မာအသိုက်အဝန်းတည်ဆောက်ကြရမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio