• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံ ဘဏ္ဍရေးနှင့် အကောက်ခွန်ရေးရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ကျင်းပ

(GMT+08:00) 2017-12-15 14:09:01

      စတုတ္ထအကြိမ်မြောက် တရုတ်-အာဆီယံ ဘဏ္ဍရေးနှင့် အကောက်ခွန်ရေးရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို ယခုလ ၁၄ ရက်နေ့က တရုတ်ပြည် ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နန်နင်းမြို့တွင် ကျင်းပခဲ့ရာ၊ သက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များသည်၊ ဘဏ္ဍရေးနှင့် အကောက်ခွန်ရေးရာ ပူးပေါင်းဆောင်ရွက်မှု၊ ဖွံ့ဖြိုး တိုးတက်မှုနှင့် စပ်လျဉ်း၍ အတူတူတိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း ဆင်ဟွာသတင်းဌာန က ရေးသားဖော်ာပြသည်။

တရုတ်နိုင်ငံတကာအကောက်ခွန်သုတေသနဌာန ဥက္ကဋ္ဌ ဝမ်လိက ယခုနှစ်မှာ တရုတ်-အာဆီယံ စေ့စပ်ဆွေးနွေးရေးဆက်ဆံမှုထားရှိခဲ့သည့် ၂၆ နှစ် မြောက်နှစ်ဖြစ်ပြီး၊ Belt and Road တည်ဆောက်ရေးနက်ရှိုင်းစွာ အားဖြည့်ဆောင်ရွက်ရေးအတွက် အရေးကြီးသည့် တစ်နှစ်လည်းဖြစ်ကြောင်းပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio