• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပိုးလမ်းမကြီး ဖလားပွဲ တရုတ်-အာဆီယံ စားပွဲတင်တင်းနစ် ပြိုင်ပွဲ ကျင်းပပြီးစီး

(GMT+08:00) 2017-12-15 13:20:45

        ပိုးလမ်းမကြီး ဖလားပွဲ တရုတ်-အာဆီယံ စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ယခုလ ၁၄ ရက်နေ့ ညနေပိုင်းက တရုတ်ကွမ်ရှီးပြည်နယ် ကျင့်ရှီးမြို့၌ ကျင်းပပြီးစီးခဲ့ရာ တရုတ် ရှန်ဟိုင်း လွန်ရွှေအသင်းသည် အသင်းလိုက် ချန်ပီယံ ရရှိပြီး တရုတ် နိုင်ငံတော်အသင်းနှင့် စင်ကာပူအသင်းတို့သည် ဒုတိယ၊ တတိယနေရာ၌ တည်ရှိကြကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

         ယခုအကြိမ်ပြိုင်းပွဲတွင် တရုတ်နှင့် အာဆီယံနိုင်ငံများမှ အသင်း ၁၂ သင်းနှင့် လက်ရွေးစင် ၁၄၄ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြကြောင်း သတင်းအရ သိရပါသည်။

   Webradio