• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ကိုးရီးယားနှင့် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုကို လက်တွဲ ထိန်းသိမ်းလိုဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00) 2017-12-15 09:32:51

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူခမ်းက၊ သမ္မတ မူဂျေအင်သည် တောင်ကိုးရီးယားနိုင်ငံနှင့် ပြည်သူများ ကိုယ်စား တရုတ်ပြည်သူများ အပေါ် ပြသသော ချစ်ကြည်ရေး သံယောဇဉ်ကို တရုတ်ပြည်ဘက်က ချီးကျူးလိုပါကြောင်း၊ တရုတ်နှင့် တောင်ကိုးရီးယား နှစ်နိုင်ငံ စလုံးသည် ဒုတိယ ကမ္ဘာစစ်ကြီးတွင် စစ်ဒဏ် ခံခဲ့ရသော နိုင်ငံများ ဖြစ်ပြီး သမိုင်းအပေါ် မှန်ကန်သော အမြင် ထားရှိမှ သမိုင်းဖြစ်ရပ်ဆိုးများ ထပ်မံ မဖြစ်ပွါးစေရန် ကြိုတင်ကာကွယ်နိုင်မည် ဖြစ်ကြောင်း၊ တရုတ် နိုင်ငံသည် တောင်ကိုးရီးယားနှင့်အတူ သမိုင်း အဖြစ်မှန်ကို ထိန်းသိမ်းကာ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုကို လက်တွဲ ထိန်းသိမ်းကာကွယ်လိုပါကြောင်း ယခုလ ၁၄ ရက်နေ့က ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio