• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် တောင်ကိုးရီးယား သမ္မတနှင့် တွေ့ဆုံ

(GMT+08:00) 2017-12-15 09:00:23

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၄ ရက်နေ့က ပီကင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ တောင်ကိုးရီးယား သမ္မတ မူဂျေအင်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ် ခဲ့ကြောင်း၊ ခေါင်းဆောင်နှစ်ဦးတို့သည် နှစ်ဖက် ဆက်ဆံမှု ချီတက်ရန် ဦးတည်ချက်ကို မှန်ကန်စွာ ကိုင်တွယ်ထားမည်ဟု တညီတညွတ်တည်း သဘောတူကြကြောင်း သတင်းရရှိပါသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ရှီကျင့်ဖိန်က၊ တရုတ်နိုင်ငံသည် တောင်ကိုးရီးယားနှင့် ဆက်ဆံမှုကို အရေးထားကြောင်း၊ တရုတ်-တောင်ကိုးရီးယား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု ရေရှည် မှန်ကန်စွာ တိုးတက်ရေးကို တွန်းအားပေးလိုကြောင်း ပြောကြားပါသည်။

မူဂျေအင်ကလည်း၊ အပြန်အလှန် ယုံကြည်မှုထားသည့် အခြေခံပေါ်တွင် နှစ်နိုင်ငံ ဆက်ဆံမှု၏ ခေတ်သစ်ကို ဖွင့်ပေးဖို့ အခြေခံအုတ်မြစ် ချပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။

ကိုးရီးယားကျွန်းဆွယ် ပြဿနာနှင့် ပတ်သက်ပြီး ရှီကျင့်ဖိန်က၊ တရုတ်နှင့် တောင်ကိုးရီးယားတို့သည် ကိုးရီးယားကျွန်းဆွယ် ငြိမ်းချမ်းတည်ငြိမ်မှု ထိန်းသိမ်းရေး နယ်ပယ်တွင် အကျိုးတူ ရှိကြောင်း၊ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး၊ စစ်ပွဲ ကြိုတင်ကာကွယ်ရေး၊ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲ တွန်းအားပေးရေး နယ်ပယ်များတွင် တောင်ကိုးရီးယားနှင့် ကူးလူးဖလှယ်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှုကို အားဖြည့်လိုကြောင်း ပြောကြားပါသည်။

မူဂျေအင်က၊ ကိုးရီးယားကျွန်းဆွယ် နျူကလီးယားပြဿနာကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းလိုကြောင်း၊ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုကို တရုတ်ပြည်နှင့် လက်တွဲ ထိန်းသိမ်းလိုကြောင်း ပြောကြားပါသည်။

   Webradio