• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လန်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုစနစ် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်

(GMT+08:00) 2017-12-14 13:08:42

        တရုတ် ယူနန်တက္ကသိုလ် အိမ်နီးချင်းနိုင်ငံများ သံတမန်ရေး သုတေသနဌာန၊ ယူနန်တက္ကသိုလ် လန်ဆန်-မဲခေါင်မြစ် ဒေသငယ် သုတသနဌာနတိုးမှ ရေးသားပြုစုသည့် ၂၀၁၇ခုနှစ် လန်ဆန်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်ရေး စက္ကူပြာစာတမ်းကို ယခုလ ၁၃ ရက်နေ့က ကူမင်းမြို့၌ ထုတ်ပြန်ခဲ့ရာ ယင်းစာတမ်းတွင် ၂၀၁၆-၂၀၁၇ခုနှစ်အတွင်း လန်ဆန်-မဲခေါင်မြစ် ဒေသငယ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ဖွံ့ဖြိုးမှု ရှေ့အလာအလာနှင့်ပတ်သက်ပြီး စနစ်တကျ ရေးသားပြုစုကာ အနာဂတ် ဆောင်ရွက်ချက်များကိုလည်း အကြံပြုကြကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

        ၂၀၁၆ခုနှစ် မတ်လက လန်ဆန်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်ရေးစနစ် စတင်ခဲ့ပြီးနောက် ဘက်စုံ အကောင်အထည် ဖော်ဆောင်နေကြောင်း၊ ဘက်အသီးသီးတို့သည် နိုင်ငံရေးလုံခြုံမှု၊ စီးပွားရေး ဆက်တိုက်ဖွံ့ဖြိုးမှုနှင့် လူမှုယဉ်ကျေးမှုအစရှိသော အဓိကနယ်ပယ် ၃ ခုနှင့် ဆက်သွယ်မှု၊ ကုန်ထုတ်စွမ်းအား၊ နိုင်ငံဖြတ်ကျော်စီးပွားရေး၊ ရေအရင်းအမြစ်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆင်းရဲမွဲတေမှုပပျောက်ရေး အစရှိသော ဦးစားပေး နယ်ပယ် ၅ ခုတွင် ပူးပေါင်းဆောင်ရွက်ရေး တိုးတက်မှု များစွာရရှိနေပြီဖြစ်ကြောင်း ယင်းစက္ကူပြာစာတမ်းတွင် ရေးသားသည်။

   Webradio