လမ်ဆန်မြစ်-မဲခေါင်မြစ် နိုင်ငံတကာ သက်မွေးပညာသင်ကျောင်း ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲကို ယခုလ ၈ ရက်နေ့က တရုတ်ပြည် ယူနန် တိုင်းရင်းသား တက္ကသိုလ်၌ ကျင်းပခဲ့ပါသည်။
ကူမင်းမြို့ရှိ မြန်မာ ကောင်စစ်ဝန်ချုပ်၊ ထိုင်း ကောင်စစ်ဝန်ချုပ်၊ လာအို ကောင်စစ်ဝန်ချုပ်၊ ရှန်ဟိုင်းမြို့ အသုံးပြုနည်းပညာ တက္ကသိုလ် ကျောင်းအုပ်ကြီး၊ ရွှေလီမြို့ အစိုးရ ခေါင်းဆောင်များ အပါအဝင် ပြည်တွင်းပြည်ပမှ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များသည် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် လမ်ဆန်မြစ်-မဲခေါင်မြစ် နိုင်ငံတကာ သက်မွေးပညာ သင်ကြားပို့ချရေးနှင့် အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။