• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်နှင့် မြောက်ကိုးရီးယား ထိတွေ့ဆက်ဆံ ဆွေးနွေးရေးဘက်တွင် အပြုသဘော ဆောင်သော တိုးတက်မှု ရရှိနိုင်ရန် တရုတ် မျှော်လင့်

(GMT+08:00) 2017-12-14 09:33:44

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူခမ်းက၊ အမေရိကန်နှင့် မြောက်ကိုးရီးယား တို့သည် ထိတွေ့ဆက်ဆံ ဆွေးနွေးရေးဘက်တွင် အပြုသဘော ဆောင်သော ခြေလှမ်း လှမ်းနိုင်ရန် မျှော်လင့်ကြောင်း ယခုလ ၁၃ ရက်နေ့က ပီကင်း၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားပါသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တစ်လာစွန်က၊ အမေရိကန်သည် သံတမန်ရေး နည်းလမ်းဖြင့် မြောက်ကိုးရီးယား နျူကလီးယား ပြဿနာကို ဖြေရှင်းရန် မျှော်လင့် နေသေးကြောင်း၊ အမေရိကန်သည် မြောက်ကိုးရီးယားနှင့် ခြွင်းချက်မထားသော စေ့စပ် ဆွေးနွေးပွဲ ပြုလုပ်လိုကြောင်း ၁၂ ရက်နေ့က ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

   Webradio