• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံတကာ လူ့အခွင့်အရေး လုပ်ငန်း တိုးမြှင့်၊ လူသား ကံကြမ္မာ အသိုက်အဝန်းကို တည်ထောင်

(GMT+08:00) 2017-12-13 16:39:23

နိုင်ငံတကာ လူ့အခွင့်အရေး လုပ်ငန်း တိုးမြှင့်၊ လူသား ကံကြမ္မာ အသိုက်အဝန်းကို တည်ထောင် --- ပထမ အကြိမ် တောင်ဘက်ခြမ်းနိုင်ငံများ လူ့အခွင့်အရေး ဖိုရမ် ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်လွှာ

     တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဝမ်ယိ

 

ဧည့်သည်တော်များနှင့် မိတ်ဆွေများ ခင်ဗျာ

မိမိသည် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ကိုယ်စား တောင်ဘက်ခြမ်း နိုင်ငံများ လူ့အခွင့်အရေး ဖိုရမ် ကျင်းပခြင်း အပေါ် ဂုဏ်ပြုကြောင်းနှင့် ဧည့်သည်တော်များအား ကြိုဆိုကြောင်းကို ဖေါ်ပြအပ်ပါသည်။

ယခုအကြိမ် ဖိုရမ်သည် တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကျင်းပပြီးနောက် သိပ်မကြာသော အချိန်တွင် တရုတ်ပြည်၌ ကျင်းပသော အဆင့်မြင့် နိုင်ငံတကာ လူ့အခွင့်အရေး အစည်းအဝေး ဖြစ်သည်။ ကွန်မြူနစ်ပါတီ ညီလာခံတွင် အမျိုးအစားသစ် နိုင်ငံတကာဆက်ဆံမှု ထားရှိရေးနှင့် လူသား ကံကြမ္မာ အသိုက်အဝန်း ထူထောင်ရေးကို တွန်းအားပေးရမည်ဟု တင်ပြ ထားသည်။ ယင်းသည် လူ့အခွင့်အရေးလုပ်ငန်း တိုးတက်ရေးအတွက် အခွင့်အလမ်း ဖန်တီးပေးသည်။ ယခုအကြိမ် ဖိုရမ်၏ ဆောင်ပုဒ်သည် လူသား ကံကြမ္မာ အသိုက်အဝန်းကို ထူထောင်ခြင်း၊ တောင်ဘက်ခြမ်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေး၏ အခွင့်အလမ်းသစ် ဖြစ်သည်။ ဝန်ကြီး ဟွမ်ခွင်မင်သည် ဥက္ကဋ္ဌ ရှီကျင့်ဖိန် ပေးပို့သော ဝမ်းမြောက်ကြောင်း သဝဏ်လွှာနှင့် အရေးကြီး မိန့်ခွန်းကို ဖတ်ကြားပြီး ယခုအကြိမ် အစည်းအဝေး အောင်မြင်စွာ ကျင်းပရေးအတွက် လမ်းညွှန်ချက် ပေးလိုက်ပါသည်။

Ladies and Gentlemen

လူတိုင်း လူ့အခွင့်အရေး ခံစားစေရန်မှာ တရုတ်အစိုးရနှင့် ပြည်သူများ၏ ရည်မှန်းချက် ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခဲ့သည့် နောက်ပိုင်း တရုတ်ပြည်သူများသည် တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုဖြင့် လူသားသမိုင်းတွင် အံ့ဖွယ်ရာများကို ဖန်တီးပြီး အရှေ့တိုင်း ခေတ်မီရေး လမ်းကြောင်းကို ဖွင့်လှစ်ပါသည်။

တရုတ်နိုင်ငံသည် လူဦးရေ သန်း ၁၃၀၀ ကျော်တို့၏ စားဝတ်နေရေး ပြဿနာကို ဖြေရှင်းပြီး ဆင်းရဲသူ ဦးရေ သန်း ၈၀၀ လျော့နည်းလာအောင် ဆောင်ရွက်ကာ လူ သန်း ၇၇၀ အတွက် အလုပ်အကိုင်နေရာများကို ဖန်တီးပေးသည်။ ကမ္ဘာ့ အတိုင်းအတာ အကြီးဆုံးသော ပညာရေး စည်းစနစ်နှင့် လူမှု အာမခံ စနစ်၊ ဒီမိုကရေစီကျသည့် ရွေးချယ်တင်မြှောက်ရေး အခြေခံစနစ်ကို ဖွဲ့စည်းတည်ထောင်ထားသည်။

လူ့အခွင့်အရေး အာမခံပေးရန်မှာ လမ်းတစ်လမ်းသာ ရှိသည် မဟုတ်ဘဲ နိုင်ငံ အသီးသီးတို့သည် ကိုယ့်နိုင်ငံ၏ လက်တွေ့အခြေအနေနှင့် ပြည်သူများ၏ လိုအပ်ချက် အရ သင့်လျော်သော လူ့အခွင့်အရေး အာမခံပေးရေး အသွင်ပစုံစံကို ရှာတွေ့နိုင်သည်ဟု တရုတ်ပြည်၏ လက်တွေ့ဆောင်ရွက်မှုက ပြသ နေသည်။ တရုတ် လူ့အခွင့်အရေး အောင်မြင်မှုများ၏ သော့ချက်မှာ တရု ထူးခြားချက် ဝိသေသ ပါရှိသော လူ့အခွင့်အရေး တိုးတက်ရေးလမ်းကို စွဲကိုင်ခြင်း ဖြစ်သည်။

----ယင်းသည် ကိုယ့်နိုင်ငံ၏ လက်တွေ့အခြေအနေကို အခြေခံအဖြစ် ထားသည့် လမ်း တစ်လမ်း ဖြစ်သည်။ တရုတ် လူ့အခွင့်အရေး တိုးတက်ရေးလမ်းကြောင်း၏ အရင်းအမြစ်သည် နှစ် ၅၀၀၀ ကြာမြင့်သော ယဉ်ကျေးမှု အစဉ်အလာ ဖြစ်သည်။ တရုတ် ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခဲ့သည့် ၆၈ နှစ်အတွင်း အထူးသဖြင့် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး ပြုလုပ်သည့် နှစ် ၄၀ အတွင်း လက်တွေ့ ဆောင်ရွက်မှုသည် အဓိက အကြောင်းရင်း ဖြစ်သည်။ မိမိတို့သည် ဒီမိုကရေစီနှင့် ပြည်သူလူထု နေထိုင်မှုဘဝ တိုးတက်ရေးကို တပြိုင်တည်း တွန်းအားပေးပြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို တပြိုင်တည်း တွန်းအားပေးကာ တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော လူ့အခွင့်အရေး တိုးတက်ရေး လမ်းကြောင်းကို ရှာတွေ့ပါသည်။

--- ယင်းသည် ပြည်သူများကို ဗဟိုအဖြစ် ထားသည့် လမ်း တစ်လမ်း ဖြစ်သည်။ တရုတ်ပြည်၏ လူ့အခွင့်အရေး တိုးတက်လမ်းကြောင်းတွင် ပြည်သူများ၏ အကျိုးစီးပွါးကို တလျှောက်လုံး အလေးထားသည်။ မိမိတို့သည် ပြည်သူများ၏ ပင်မ အဆင့်နေရာကို စွဲကိုင်ပြီး ပြည်သူများ ကဏ္ဍစုံ ဖွံ့ဖြိုးမှုနှင့် ပြည်သူတစ်ရပ်လုံး အတူ ချမ်းသာရေးကို တွန်းအား ပေးပါသည်။ တရုတ်ပြည်၏ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်ပြီး တရုတ်ပြည်သူများသည် ပြောပိုင်ခွင့် အရှိဆုံး ဖြစ်သည်။

--- ယင်းသည် ဖွံ့ဖြိုးရေးကို အဓိကထားသည့် လမ်းတစ်လမ်း ဖြစ်သည်။ မိမိတို့သည် ဆန်းသစ်ရေး၊ ညီမျှရေး၊ မြစိမ်းရောင်၊ တံခါးဖွင့်၊ အတူမျှဝေခံစားသော ဖွံ့ဖြိုးရေး အတွေးအခေါ်ကို ဦးလည်မသုန် ဖေါ်ဆောင်သည်။ အလုပ်အကိုင် နေရာချထားရေး၊ ဆေးဝါးကုသရေး၊ ပညာရေး၊ လူမှု အာမခံရေး စသည့်တို့ကို တွန်းအားပေးသည်။ မိမိတို့သည် ၂၀၃၀ ပြည့်နှစ် ဆက်တိုက် ဖွံ့ဖြိုးရေး အစီအစဉ်ကို ထိရောက်စွာ ဖေါ်ဆောင်သည်။ မိမိတို့သည် ဖွံြ့ဖိုးရေး အတွေ့အကြုံများနှင့် အခွင့်အလမ်းများကို ကမ္ဘာ့နိုင်ငံများနှင့် မျှဝေခံစားကာ တရုတ် အိပ်မက်နှင့် ကမ္ဘာကြီး အိပ်မက်ကို ဆက်နွှယ်ထားစေပါသည်။

--- ယင်းသည် ဥပဒေနှင့် အညီ ဖြစ်သည့် လမ်း တစ်လမ်း ဖြစ်သည်။ မိမိတို့သည် နိုင်ငံတော် အခြေခံဥပဒေကို အမြူတေအဖြစ် ထားသည့် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် ဥပဒေစနစ် အဆက်မပြတ် ပြည့်စုံ ကောင်းမွန်လာအောင် ဆောင်ရွက်သည်။ နိုင်ငံတော်၊ အစိုးရနှင့် လူ့ဘောင်အဖွဲ့အစည်း ဥပဒေ စိုးမိုးရေးကို စွဲကိုင် နေသည်။ တရားဥပဒေ တာဝန်စနစ် ပြုပြင်ပြောင်းလဲမှုကို အမြုတေ အဖြစ် ထားသည့် တရားဥပဒေ စနစ် ပြုပြင်ပြောင်းလဲမှုကို ဘက်စုံ တွန်းအားပေးသည်။ မိမိတို့သည် ကုလသမဂ္ဂ ပဋိဥာဉ်စာချုပ်ကို အမြုတေ အဖြစ် ထားသည့် နိုင်ငံတကာ ဥပဒေ အခြေခံ မူများကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်ပြီး နိုင်ငံတကာ တရားမျှတမှုကို ထိန်းသိမ်းကာကွယ်နေပါသည်။

--- ယင်းသည် တံခါးဖွင့်ရေးကို စွမ်းအားအဖြစ် ထားသည့် လမ်းတစ်လမ်း ဖြစ်သည်။ မိမိတို့သည် ကမ္ဘာ မျိုးစုံတည်ရှိရေး၊ စီးပွါးရေး ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ယဉ်ကျေးမှု မျိုးစုံ တည်ရှိရေးကို တလျှောက်လုံး ထောက်ခံပါသည်။ မိမိတို့သည် နိုင်ငံ အသီးသီးတို့ ကိုယ်တိုင် ရွေးချယ်သော ဖွံ့ဖြိုးရေးလမ်းကြောင်းနှင့် လူ့အခွင့်အရေး အာမခံပေးရေး အသွင်ပုံစံကို လေးထားပါသည်။ တန်းတူရည်တူနှင့် အပြန်အလှန် လေးစားသော အခြေခံပေါ်တွင် ဆွေးနွေးပွဲ ပြုလုပ်ရန်ကို တိုက်တွန်းပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက်ညီလာခံတွင် တရုတ်ပြည် အနာဂတ် ဖွံ့ဖြိုးရေး ဆိုင်ရာ ရည်မှန်းချက်များကို ချမှတ်ထားသည်။ ၂၀၂၀ ပြည့်နှစ်တွင် အသင့်အတင့် ချမ်းသာသော လူ့ဘောင်အဖွဲ့အစည်း တည်ထောင်မည်၊ ဆင်းရဲမှု ဘက်စုံ လျှော့ချမည်၊ ၂၀၃၅ ခုနှစ်တွင် ဆိုရှယ်ခေတ် ခေတ်မီရေးကို အခြေခံအားဖြင့် ဖေါ်ဆောင်မည်၊ ၂၀၅၀ ပြည့်နှစ်တွင် ချမ်းသာသော ဒီမိုကရေစီ ယဉ်ကျေးမှုနှင့် သင့်မြတ်သော ဆိုရှယ်လစ် ခေတ်မီ နိုင်ငံကြီး ဖြစ်အောင် တည်ထောင်မည်။

 

Ladies and Gentlemen

ဖွံ့ဖြိုးဆဲနိုင်ငံများသည် လူ့အခွင့်အရေး တိုးတက်မှုကို တွန်းအားပေးသော အရေးကြီး အင်အား ဖြစ်သည်။ ဖက်ဆစ်၊ စစ်ဝါဒ၊ ကိုလိုနီနှင့် ဗိုလ်ကျစိုးမိုးမှု တိုက်ဖျက်ရေး တိုက်ပွဲများတွင် ဖွံ့ဖြိုးဆဲနိုင်ငံများသည် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာချက်၊ ကိုလိုနီ နိုင်ငံများနှင့် ပြည်သူများ လွတ်လပ်ရေး ရရှိစေရေး ကြေညာချက်၊ လူ့အခွင့်အရေး သဘောတူစာချုပ် နှစ်ရပ်၊ အာဖရိက လူ့အခွင့်အရေးနှင့် ပြည်သူများ အခွင့်အရေး ပဋိဥာဉ်စာချုပ်၊ ဖွံ့ဖြိုးရေး အခွင့်အရေး ကြေညာချက်၊ ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်၊ ၂၀၃၀ ပြည့်နှစ် ဆက်တိုက် ဖွံ့ဖြိုးရေး အစီအစဉ် စသည့် နိုင်ငံတကာ စာချုပ် စာတမ်းများကို တွန်းအားပေး ရေးဆွဲ ချမှတ်ပါသည်။

အနာဂတ်တွင် ကမ္ဘာ့လူ့အခွင့်အရေးလုပ်ငန်း တိုးတက်ခြင်းသည် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ လက်တွဲ ကြိုးပမ်းမှုနှင့် ခွဲမရ ဖြစ်နေအုန်းမည်။ နိုင်ငံတကာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လိုငွေပြချက်များ ရင်ဆိုင်လျက် ဖွံ့ဖြိုးဆဲ နိုင်ငံများသည် အပြန်အလှန် လေးစားပြီး တရားမျှတသော အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်း ဆောင်ရွက်ရေး အမျိုးအစားသစ် နိုင်ငံဆကာ ဆက်ဆံမှု ထားရှိရန်ကို တွန်းအားပေးရမည်၊ လူသား ကံကြမ္မာ အသိုက်အဝန်း တည်ထောင်ရန်ကို တွန်းအားပေးရမည်။ မိမိက ထင်မြင်ချက်များကို ဖေါ်ပြမည်။

---- ငြိမ်းချမ်းရေးဖြင့် လူ့အခွင့်အရေးကို တွန်းအားပေးရန် စွဲကိုင် ရမည်။ လုံခြုံရေးသည် အကြီးဆုံးသော လူ့အခွင့်အရေး ဖြစ်သည်။ ငြိမ်းချမ်းရေးသည် လူသား၏ သုခ ဖြစ်ပြီး စစ်ပွဲသည် လူသား၏ ဘေးအန္တရာယ် ဖြစ်သည်။ ငြိမ်းချမ်းရေး မရှိပါက လူ့အခွင့်အရေးလည်း ရှိမည် မဟုတ်။

မိမိတို့သည် ကုလသမဂ္ဂ ပဋိဥာဉ်စာချုပ်ပါ ရည်မှန်းချက်နှင့်မူကို ထိန်းသိမ်းရမည် ဖြစ်ပြီး ငြိမ်းချမ်းရေး အခြေခံ ခိုင်မာအောင် ဆောင်ရွက်ရမည်။ အခြေအနေ မည်သို့ပင် ပြောင်းလဲ ပြောင်းလဲ အချုပ်အခြာ အာဏာပိုင်ခွင့်နှင့် နယ်မြေ တည်တံ့ပြည့်စုံမှု၊ အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်မစွက်မှု စသည့် အခြေခံမူသည် နိုင်ငံတကာ ဆက်ဆံ၏ အခြေခံ ဖြစ်သည်။ ခေတ် မည်သို့ပင် ပြောင်းလဲ ပြောင်းလဲ နိုင်ငံစုံ ဝါဒနှင့် စုပေါင်း လုံခြုံရေး စနစ် တို့သည် နိုင်ငံတကာ ဆက်ဆံမှု၏ အရေးကြီး အထောက်အကူ ဖြစ်သည်။

မိမိတို့သည် ရန်ငြိုးထားခြင်း မဟုတ်ဘဲ ဆွေးနွေးသော၊ ဘက်မလိုက်ဘဲ မိတ်ဖွဲ့သော မိတ်ဖက်ဆက်ဆံမှုကို ထားရှိရမည် ဖြစ်သည်။ ဘက်အသီးသီးတို့ အာဏာရှင် နိုင်ငံရေးကို ဖယ်ရှားပြီး နိုင်ငံတကာ ဆက်ဆံမှု ဒီမိုကရေစီ ဖြစ်ရေးနှင့် ဥပဒေနှင့်အညီ ဆောင်ရွက်ရေး တို့ကို တွန်းအားပေးရမည်။ နိုင်ငံကြီးသည် ဖြစ်စေ ငယ်သည် ဖြစ်စေ အားလုံး တန်းတူရည်တူ ဖြစ်ရေးနှင့် မတူခြားနားသော ယဉ်ကျေးမှုအပေါ် တန်းတူရည်တူ သဘောထားရေး မူကို ကျင့်သုံးရမည်။ အငြင်းပွါးမှုကို တိုင်ပင်ဆွေးနွေးသော နည်းလမ်းဖြင့် ဖြေရှင်းရမည် ဖြစ်သည်။

မိမိတို့သည် တူညီပြီး ကဏ္ဍစုံသော၊ ပူးပေါင်းပြီး ဆက်တိုက် ဖြစ်သည့် လုံခြုံရေး အမြင်သစ်ကို ထူထောင်ရမည် ဖြစ်သည်။ အကြမ်းဖက်မှု၊ အင်တာနက် လုံခြုံမှု၊ ရာသီဥတု ပြောင်းလဲမှု အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုများကို ရင်ဆိုငလျက် ဘက်အသီးသီးတို့သည် လက်လွှတ်စပယ် ထား၍ မရဘဲ လက်တွဲ ရင်ဆိုင် ဖြေရှင်းရမည် ဖြစ်သည်။

---- ဖွံ့ဖြိုးရေးဖြင့် လူ့အခွင့်အရေး တွန်းအားပေးခြင်းကို စွဲကိုင်ရသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများ အတွက် ဖွံ့ဖြိုးရေး အခွင့်အရေးသည် ပထမ အခွင့်အရေး ဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် လူဦးရေ သန်း ၇၀၀ ကျော် ငတ်မွတ်မှု ခံနေရပြီး လူ ၁၂၈ သန်းကျော်သည် လူသားချင်း စာနာထောက်ထားမှု ကယ်ဆယ်ရေး လိုအပ်ပါသည်။ လူ ၆၅ သန်းကျော်တို့သည် အိုးမဲ့အိမ်မဲ့ ဖြစ်နေသည်။ ယင်းတို့ အားလုံး လူ့အခွင့်အရေးဆိုင်ရာ လိုငွေပြမှု ဖြစ်သည်။

မိမိတို့သည် ဆင်းရဲမှု လျှော့ချရေးကို အဓိကအဖြစ် ထားပြီး ၂၀၃၀ ပြည့်နှစ် ဆက်တိုက် ဖွံ့ဖြိုးရေး အစီအစဉ်ကို ဖေါ်ဆောင်ရမည်။ စီးပွါးရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင် နယ်ပယ် သုံးခုမှ လုပ်ငန်းများကို ညီမျှစွာ တွန်းအားပေးပြီး ဆင်းရဲမှု လုံးဝ ပပျောက်ရေး ရည်မှန်းချက် ဖေါ်ဆောင်ရန်အတွက် ကြိုးပမ်းရမည်။

မိမိတို့သည် သိပံ္ပနည်းပညာ တော်လှန်ရေးနှင့် ကုန်ထုတ်လုပ်မှု ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ သမိုင်းဝင် အခွင့်အလမ်းသစ်များကို ထိထိမိမိ အသုံးပြုပြီး ပြုပြင် ပြောင်းလဲရေးနှင့် ဆန်းသစ်ရေးကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်ရမည် ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများသည် အားသာချက်ကို အသုံးပြုပြီး ဖွံ့ဖြိုးမှု အတွေ့အကြုံများကို မျှဝခံစားရမည်။ ဖွံ့ဖြိုးပြီး နိုင်ငံများသည် ဂတိခံဝန်ချက်များကို ဖေါ်ဆောင်ရမည် ဖြစ်ပြီး ထောက်ပံ့ကူညီရေး၊ အကြွေးမြီ လျှော့ချရေး၊ နည်းပညာ လွှဲပြောင်းရေးတွင် ထိရောက်စွာ ဆောင်ရွက်ရမည် ဖြစ်သည်။

မိမိတို့သည် ကမ္ဘာ့စီးပွါးရေး တံခါးဖွင့်ရေးကို ထိန်းသိမ်းရမည်၊ တရားမျှတပြီး သက်ညှာထောက်ထားကာ စနစ်တကျ ဖြစ်သည့် ကမ္ဘာ့ စီးပွါးရေး ငွေကြေး စနစ် ထူထောင်ရေးကို တွန်းအားပေးရမည်၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အဆင်ပြေရေးကို တွန်းအားပေးရမည်၊ နိုင်ငံတိုင်း၊ လူတိုင်း ဖွံ့ဖြိုးမှု အကျိုး ခံစားနိုင်အောင် ဆောင်ရွက် ပေးရမည်။

--- ပူးပေါင်းဆောင်ရွက်မှုဖြင့် လူ့အခွင့်အရေး တွန်းအားပေးခြင်းကို စွဲကိုင် ရမည်။ လူ့အခွင့်အရေး၏ အဓိက အချက်သည် ပြည်သူများ၏ ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအား ပေးရန် ဖြစ်ပြီး တန်တူရည်တူ ပူးပေါင်းဆောင်ရွက်မှုသည် အရင်းခံ နည်းလမ်း ဖြစ်သည်။ ဘက်အသီးသီးတို့ တန်းတူရည်တူနှင့် အပြန်အလှန် လေးစားသည့် အခြေခံပေါ်တွင် ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်ရန် မိမိတို့ တွန်းအားပေးရမည် ဖြစ်သည်။

ကမ္ဘာပေါ်တွင် အကြွင်းမဲ့ မှန်ကန်သော စံချိန်စံနှုန်း မရှိပါ။ လူ့အခွင့်အရေး တိုးတက်မှု လမ်းကြောင်းသည် အရှေ့တိုင်းပုံစံ သို့မဟုတ် အနောက်ပိုင်း ပုံစံ အဖြစ် အတင်းအဓမ္မ ပြုလုပ်လို့ မရဘဲ အသွင်မျိုးစုံ၊ ကိုယ့်အခြေအနေအရ ပြုလုပ်ရမည်။ မတူခြားနားသော လမ်းကြောင်းနှင့် စနစ်သည် အဆင့်မြင့်သည် နိမ့်သည် ဟူခြင်း မရှိဘဲ ဝိသေသ ကွဲခြားမှုသာ ရှိသည်။ သိမ်းကျုံး၍ လက်ခံသင့်သည်။

---တရားမျှတမှုဖြင့် လူ့အခွင့်အရေးကို တွန်းအားပေးခြင်းကို စွဲကိုင်ရသည်။ နိုင်ငံတကာ လူ့အခွင့်အရေး စနစ်တွင် အခွင့်အာဏာ အရ မတရားမမျှတမှု၊ အခွင့်အလမ်း အရ မတရားမမျှတမှုနှင့် လုပ်ထုံလုပ်နည်းအရ မတရားမမျှတမှု တည်ရှိနေသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများသည် အထိခိုက် ခံရသူ ဖြစ်ပြီး ပြုပြင်ပြောင်းလဲသူ ဖြစ်သင့်သည်။

မိမိတို့သည် နိုင်ငံတကာ လူ့အခွင့်အရေး စီမံခန့်ခွဲရေး စနစ်တွင် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ကိုယ်စားပြုခြင်းနှင့် ပြောပိုင်ခွင့်ကို တိုးမြှင့်ရမည်။ လုပ်ထုံးလုပ်နည်း သတ်မှတ်ခြင်း၊ အဖွဲ့ဝင်များ ဖွဲ့စည်းပုံ၊ ဝန်ထမ်း ဖြန့်ချပုံ စသည့် နယ်ပယ်များတွင်၊ ဖွံ့ဖြိုးဆဲ အဖွဲ့ဝင်နိုင်ငံများသည် ကုလသမဂ္ဂ အဖွဲ့ဝင်၏ ၅ ပုံ ၄ ပုံ ဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ ၈၀ ရာခိုင်နှုန်း ရှိခြင်းဆိုင်ရာ လိုအပ်ချက်နှင့် အကျိုးစီးပွါးကို ပေါ်လွင်စေရမည်။

နိုင်ငံတကာ လူ့အခွင့်အရေး ပူးပေါင်းဆောင်ရွက်မှုတွင် ဖွံ့ဖြိုးဆဲနိုင်ငံများကို ပိုမို အလေးထားအောင် မိမိတို့ တွန်းအားပေးဆောင်ရွက်ရမည်။ ဖွံြ့ဖိုးရေး အခွင့်အရေးနှင့် လူမှုရေး၊ စီးပွါးရေး၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးကို ပိုမို အရေးထားရမည်၊ ဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ အားကစား၊ အမျိုးသမီး၊ ကလေးငယ်များ၊ မသန်စွမ်းသူများ စသည့် နယ်ပယ်များတွင် ပိုမို ငွေရင်းထုတ်ပေးရမည်။ ပိုမို တရားမျှတပြီး ပိုမို တရားနည်းလမ်း ကျသည့် လူ့အခွင့်အရေး စီမံခန့်ခွဲရေး အခြေအနေ ဖြစ်တည်ရမည်၊ ဖွံ့ဖြိုးဆဲ နိုင်ငံများကို နိုင်ငံတကာ လူ့အခွင့်အရေးနှင့် စီမံခန့််ခွဲရေးမှ ပိုမို အကျိုးခံစားစေရမည်။

Ladies and Gentlemen

လူ့အခွင့်အရေး အာမခံပေးခြင်းသည် လူသား ကံကြမ္မာ အသိုက်အဝန်း ထူထောင်ရေး ဆိုင်ရာ အရေးကြီး အကြောင်းအရာ ဖြစ်ပြီး။ နိုင်ငံတကာ လူ့အခွင့်အရေး လုပ်ငန်း ပုံမှန် တိုးတက်စေရန်၊ လူသား၏ စည်ပင်သာယာရေးနှင့် ဂုဏ်သိက္ခာ အတွက် လက်တွဲ ကြိုးပမ်း ကြစို့။

ယခုအကြိမ် ဖိုရမ် ချောမော အောင်မြင်ပါစေဟု ဆုတောင်းပါသည်။

   Webradio