• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၂ ကြိမ်မြောက်ကမ္ဘာ့ ကွန်ဖြူးရှပ်တရုတဘာသာစကားသင်ကျောင်းညီလာခံ ကျင်းပ

(GMT+08:00) 2017-12-13 11:02:29

      ၁၂ ကြိမ်မြောက် ကမ္ဘာ့ကွန်ဖြူးရှပ် တရုတ်ဘာသာစကားသင်ကျောင်းညီလာခံကို ယခုလ ၁၂ ရက်နေ့က တရုတ်ပြည် ရှန်ရှီးပြည်နယ် ရှီးအန်းမြို့တွင် ကျင်းပခဲ့ရာ၊ တရုတ် နိုင်ငံတော်ကောင်စီ ဒု ဝန်ကြီးချုပ်၊ ကွန်ဖြူးရှပ်တရုတ်ဘာသာစကားသင်ကျောင်းဌာနချုပ် ကောင်စီဥက္ကဋ္ဌ လျူယန်တုန်းက တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်း အရသိရသည်။

ယခုအကြိမ်ညီလာခံတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ဆန်းသစ်တီထွင်ရေးနှင့် လူသား ကံကြမ္မာအသိုက်အဝန်းတည်ဆောက်ရေးများကို ဆောင်ပုဒ်အဖြစ်ထားခဲ့သည်။ နိုင်ငံနှင့် ဒေသ ၁၄၀ ကျော်မှ တက္ကသိုလ်ကျောင်းအုပ်ကြီးများ၊ ကွန်ဖြူးရှပ်တရုတ်ဘာသာစကားသင် ကျောင်းများမှ ကိုယ်စားလှယ်များ အပါအဝင် လူ ၂၅၀၀ ခန့် ယင်းညီလာခံသို့ တက်ရောက် ခဲ့ကြသည်ဟု သတင်းအရသိရသည်။

အစည်းအဝေးတက်ရောက်သူများသည်၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်တင်ပြထားသော လူသား ကံကြမ္မာအသိုက်အဝန်းအတွေးအခေါ်နှင့် Belt and Road အဆိုပြုချက်အပေါ် တန်ဖိုး ထားချီးကျူးခဲ့ကြ သည်ဟု သတင်းအရသိရသည်။

 

   Webradio