• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယန်ကျယ်ချီသည်၊ ကန် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ

(GMT+08:00) 2017-12-13 10:56:47

      တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဝင် ယန်ကျယ်ချီသည်၊ ယခုလ ၁၂ ရက်နေ့က ပီကင်းတွင် အမေရိကန် နိုင်ငံတကာပေါ်လစီ ရေးရာကောင်စီမှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

ယန်ကျယ်ချီက၊ တရုတ်-အမေရိကန်ဆက်ဆံမှု ရေရှည်ပြီး ရှင်သန်တည်ငြိမ်စွာ တိုးတက်ဖွံ့ဖြိုးရေးသည်၊ နှစ်နိုင်ငံတို့၏ အရင်းခံအကျိုးစီးပွားနှင့် ကိုက်ညီရုံသာမက၊ နိုင်ငံတကာမိသားစုကြီး၏ မျှော်မှန်းချက်များလည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့က၊ အမေရိကန်နှင့် တရုတ်ပြည်တို့သည်၊ နယ်ပယ်များ စွာ၌ တူညီသော အကျိုးစီးပွားနှင့် ရန်မှန်းချက်ရှိပြီး၊ အမေရိကန်အနေနှင့်၊ ကန်- တရုတ် ဆက်ဆံမှုတစ်ဆင့်တက် တိုးတက်စေရန် တရုတ်နှင့် လက်တွဲတွန်းအားပေးလိုပါကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio