• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မူဂျေအင်၏ တရုတ်ခရီးစဉ်သည် နှစ်ဖက် ဆက်ဆံမှု ပြန်လည် ပုံမှန် တိုးတက်စေဖို့ တွန်းအားပေးနိုင်ရန် တရုတ် မျှော်လင့်

(GMT+08:00) 2017-12-13 10:10:11

တရုတ်ပြည်သို့ ခရီးလှည့်လည်တော့မည့် တောင်ကိုးရီးယား သမ္မတ မူဂျေအင်က၊ ယခုအကြိမ် ခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ တောင်ကိုးရီးယားနှင့် တရုတ် နှစ်နိုင်ငံတို့ အပြန်အလှန် ယုံကြည်မှုကို ပြန်လည်ရရှိစေရန် ဖြစ်ကြောင်း မကြာမီက ပြောကြား ခဲ့ပါသည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူခမ်းက၊ မူဂျေအင်၏ တရုတ်ခရီးစဉ်သည် နှစ်ဖက် ဆက်ဆံမှု ပြန်လည် ပုံမှန် တိုးတက်စေဖို့ တွန်းအားပေးနိုင်ရန် မျှော်လင့်ကြောင်း ယခုလ ၁၂ ရက်နေ့က ပီကင်း၌ ကျင်းပသော ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့ပါသည်။

   Webradio