• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကိုးရီးယားကျွန်းဆွယ် ပြဿနာကို တိုင်ပင်ဆွေးနွေးသောနည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းမှုကို တရုတ် ထောက်ခံ

(GMT+08:00) 2017-12-13 10:08:24

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူခမ်းက၊ တောင်ကိုးရီးယားနှင့် မြောက်ကိုးရီးယားတို့ နှစ်ဖက်ဆက်ဆံမှု ကောင်းမွန်စေဖို့ ဆွေးနွေးပွဲ ပြုလုပ်ရန်ကို တလျှောက်လုံး ထောက်ခံပါကြောင်း ယခုလ ၁၂ ရက်နေ့က ပီကင်း၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

လူခမ်းက၊ ကိုးရီးယားကျွန်းဆွယ် နျူကလီးယား ပြဿနာကို တိုင်ပင်ဆွေးနွေးသော နည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည်သာ ဖြစ်ကြောင်း၊ ယင်းသည် ဒေသတွင်း နိုင်ငံများ၏ အရင်းခံ အကျိုးစီးပွါးနှင့် ဆက်စပ်ရုံသာမက နိုင်ငံတကာ မိသားစုကြီး၏ တူညီသော မျှော်လင့်ချက်လည်း ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio