• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အရှေ့အလယ်ပိုင်းဒေသပြဿနာနိုင်ငံရေးနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းရန် တရုတ်တွန်းအားပေးမည်

(GMT+08:00) 2017-12-12 14:14:10

    ယမန်နေ့ ၁၁ ရက်နေ့က ကိုင်ရိုမြို့ရှိ အာရပ်နိုင်ငံများအဖွဲ့ဌာနချုပ်ရုံး၌ ကျင်းပခဲ့သော အာရပ်နိုင်ငံများ စီမံအုပ်ချုပ်ရေးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ၁၇ကြိမ်မြောက်နှစ်ပတ်လည် အစည်းအဝေးတွင် အီဂျစ်နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး၊ အာရပ်နိုင်ငံများအဖွဲ့ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် စွန့်အိုက်ကိုက တရုတ်ပြည်အနေနှင့် ပါလက်စတိုင်း-အစ္စရေး ပြဿနာကိုင်တွယ်ဖြေရှင်းရေးအတွက် ယခုနှစ် ဇူလိုင်လက တရုတ် နိုင်ငံခေါင်းဆောင် တင်ပြခဲ့သော နည်းလမ်း၎ခုကို လက်တွေ့ဖော်ဆောင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း၊ နိုင်ငံနှစ်နိုင်ငံအဆိုပြုချက်ကို အခြေခံပြီး ပါလက်စတိုင်း-အစ္စရေးပြဿနာကို ကိုင်တွယ် ဖြေရှင်းရန် တွန်းအားပေးမည်ဖြစ်ကြောင်း ပြောကြားသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

   Webradio