• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာနိုင်ငံသည် တရုတ် အဆိုပြုချက်နှင့် အတွေ့အကြုံများကို အလေးထား

(GMT+08:00) 2017-12-12 13:46:04

မကြာမီက ပီကင်း၌ ကျင်းပသော တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတကာ ပါတီ ခေါင်းဆောင်များ ဆွေးနွေးပွဲတွင် မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က၊ ပါတီတိုင်းသည် မတူခြားနားသော မျှော်မှန်းချက်ဆန္ဒ ရှိသော်လည်း ရည်မှန်းချက်မှာ တူညီသည် ဖြစ်ကာ ယင်းမှာ ပြည်သူများ၏ နေထိုင်မှုဘဝ တိုးတက်ကောင်းမွန်စေရန် ဖြစ်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကနဦးစိတ်သည် တရုတ်ကွန်မြူနစ်ပါတီနှင့် တူညီပြီး ပြည်သူများအတွက် သုခချမ်းသာမှု ရှာကြံပေးရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု တရုတ် ကွမ်းမင် နေ့စဉ်သတင်းစာ၏ ဆောင်းပါး တစ်ပုဒ်တွင် ရေးသားထားပါသည်။

နိုင်ငံရေး စီမံအုပ်ချုပ်ရေး နယ်ပယ်တွင် မြန်မာနိုင်ငံသည် တရုတ် အဆိုပြုချက်နှင့် အတွေ့အကြုံများကို အလေးထားနေကြောင်း၊ မြန်မာ တိုင်းရင်းသား ကျေအေးရေး ကိစ္စနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံသည် အစားထိုး၍ မရသော အရေးကြီး အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက် နေကြောင်း၊ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု နယ်ပယ်တွင် မျက်မှောက်ကာလ၌ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ပထမ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက် ဖြစ်ကြောင်း ယင်းဆောင်းပါးတွင် ရေးသားဖေါ်ပြထားပါသည်။

   Webradio