• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျပန် အလွှာပေါင်းစုံတို့ သမိုင်းအပေါ် မှန်ကန်စွာ သဘောထားရန် ဂျပန် အမျှော်အမြင်ရှိ ပုဂ္ဂိုလ်များ ပန်ကြား

(GMT+08:00) 2017-12-12 10:14:06

ဒီဇင်ဘာလ ၁၃ ရက်နေ့သည် တရုတ်နိုင်ငံ၏ နန်ကင်းလူသတ်မှုကြီးတွင် သေဆုံးသူများအား ပူဇော်သောနေ့ ဖြစ်သည်။ ၁၉၃၇ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က ဂျပန် ကျူးကျော်ရေးတပ်ဖွဲ့သည် တရုတ်ပြည် နန်ကင်းမြို့ကို ကျူးကျော် သိမ်းပိုက်ပြီး နန်ကင်းမြို့၌ လူ ၃ သိန်းခန့်ကို သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။

တရုတ် ခေတ်နီးပိုင်း သမိုင်းကို သုတေသနပြုနေသည့် ဂျပန် သူလျူ တက္ကသိုလ်  ပါမောက္ခ ကာစာဟာရာ တိုကူရှီက၊ နန်ကင်းလူသတ်မှုကြီးတွင် သေဆုံးသူများ အထိမ်းအမှတ် လှုပ်ရှားမှုသည် စစ်ပွဲ ဖြစ်ရပ်ဆိုး ထက်မံ မဖြစ်ပွါးစေဖို့ ကြိုတင်ကာကွယ်ရန် အတွက် ဖြစ်ပြီး ကမ္ဘာကြီးအား ငြိမ်းချမ်းရေး အတွေးအခေါ်ကို ပေးကမ်းနေခြင်း ဖြစ်ကာ အဓိပ္ပါယ်ပါရှိသည်ဟု မိမိ ယူဆပါကြောင်း စီအာအိုင် သတင်းထောင်နှင့် တွေ့ဆုံရာတွင် ပြောကြားပါသည်။

ဂျပန် ပညာရှင်၊ လျူကျူ တက္ကသိုလ် ပါမောက္ခ တာကာရှီမာ နိုပူယိုရှီက၊ သမိုင်းအပေါ် မှန်ကန်စွာ သဘောမထားနိုင်ခြင်းသည် ဂျပန်၏ ရှက်ဖွယ်ရာပင် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio