• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ၁၁ ကြိမ်မြောက် ဝန်ကြီးများ အစည်းအဝေး ကျင်းပ

(GMT+08:00) 2017-12-12 09:47:45

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ၁၁ ကြိမ်မြောက် ဝန်ကြီးများ အစည်းအဝေးကို ယခုလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရီးစ်မြို့၌ ကျင်းပ နေကြောင်း၊ တရုတ် ကုန်သွယ်ရေးဝန်ကြီး ကျုံးရှန်းသည် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ယခုအကြိမ် အစည်းအဝေးသို့ တက်ရောက်နေကြောင်း၊ ဘက်အသီးသီးတို့သည် နိုင်ငံစုံ ကုန်သွယ်ရေး စနစ်ကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်မည်ဟု ဖေါ်ပြကြကြောင်း သတင်းရရှိပါသည်။

အစည်းအဝေးတွင်၊ အဖွဲ့ဝင်နိုင်ငံမှ ကိုယ်စားလှယ်များသည် ဒိုဟာ စေ့စပ်ဆွေးနွေးပွဲကို ဆက်လက် တွန်းအားပေးမည် ဖြစ်ပြီး စည်းမျဉ်းများ ပိုမို ပြည့်စုံ ကောင်းမွန်အောင်လည်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရပါသည်။

   Webradio