• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နန်ကင်း လူသတ်မှုကြီး အသက်ရှင်ကျန်ရစ်သူနှင့် မိသားစုဝင်များ ပူဇော်ပွဲ ပြုလုပ်

(GMT+08:00) 2017-12-12 09:46:16

ဒီဇင်ဘာလ ၁၃ ရက်နေ့သည် ဂျပန် ကျူးကျော်ရေးတပ်ဖွဲ့က တရုတ်ပြည် နန်ကင်းမြို့၌ လူသတ်မှုကြီး ပြုလုပ်ခဲ့သည့် နှစ် ၈၀ ပြည့်နေ့ ဖြစ်သည်။ ယခုရက်များတွင် နန်ကင်း လူသတ်မှုကြီး၌ အသက်ရှင်ကျန်ရစ်သူများနှင့် ၄င်းတို့၏ မိသားစုဝင်များသည် နန်ကင်း လူသတ်မှုကြီး သေဆုံးသူများ အထိမ်းအမှတ်ပြတိုက်၏ သေဆုံးသူများ အမည်စာရင်း နံရံရှေ့၌ လွန်ခဲ့သည့်နှစ် ၈၀ တုန်းက အပြစ်မဲ့ အသတ်ခံခဲ့ရသော မိသားစုဝင်များအား ပူဇေါ်ခဲ့ကြပါသည်။

၁၉၃၇ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က ဂျပန် ကျူးကျော်ရေးတပ်ဖွဲ့သည် တရုတ်ပြည် နန်ကင်းမြို့ကို ကျူးကျော် သိမ်းပိုက်ပြီး နန်ကင်းမြို့၌ လူ ၃ သိန်းခန့်ကို သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။

၂၀၁၄ ခုနှစ်က တရုတ်နိုင်ငံသည် ဒီဇင်ဘာလ ၁၃ ရက်နေ့ကို နိုင်ငံတော်၏ နန်ကင်းလူသတ်မှုကြီးတွင် သေဆုံးသူများအား ပူဇော်သောနေ့ အဖြစ် သတ်မှတ် ခဲ့ပါသည်။

   Webradio