• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့် အိန္ဒိယတို့သည် နှစ်နိုင်ငံဆက်ဆံမှု၏ ဦးတည်ချက်ကို မှန်ကန်စွာ ရွေးချယ်သင့်ဟု ဝမ်ယိ ဆို

(GMT+08:00) 2017-12-12 09:00:41

ယခုလ ၁၁ ရက်နေ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ၁၅ ကြိမ်မြောက် တရုတ်၊ ရုရှား၊ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့စဉ် အိန္ဒိယ နိုင်ငံတော် လုံခြုံရေး အတိုင်ပင်ခံ ဒိုဗာနှင့် တွေ့ဆုံခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ဝမ်ယိက၊ မျက်မှောက်ကာလ၌ တရုတ်နှင့် အိန္ဒိယ ဆက်ဆံမှုသည် သော့ချက်ကျ ကာလ၌ တည်ရှိနေကြောင်း၊ တရုတ်နှင့် အိန္ဒိယတို့သည် နှစ်နိုင်ငံဆက်ဆံမှု၏ ဦးတည်ချက်ကို မှန်ကန်စွာ ရွေးချယ်ရန် လိုအပ်ပါကြောင်း၊ ရေရှည် ရှုထောင့်နှင့် နိုင်ငံတကာ ရှုထောင့်မှနေ၍ နှစ်ဖက် ဆက်ဆံမှုကို သဘောထားရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio