• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၇ တရုတ်-အာဆီယံ သစ်သီးမြို့တော် အဆင့်မြင့်ဖိုရမ် ကျင်းပ

(GMT+08:00) 2017-12-12 08:42:58

၂၀၁၇ ခုနှစ် တရုတ်-အာဆီယံ သစ်သီးမြို့တော် အဆင့်မြင့်ဖိုရမ်ကို ယခုလ ၁၁ ရက်နေ့က တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ် ဖိန်ရှန်မြို့၌ ကျင်းပခဲ့ကြောင်း၊ တရုတ်၊ ဗီယက်နမ်၊ ထိုင်း၊ လာအို၊ မြန်မာ၊ မလေးရှား အပါအဝင် အာဆီယံနိုင်ငံမှ လုပ်ငန်းရှင်၊ ပညာရှင်နှင့် အရာရှိများသည် ဖိုရမ်သို့ တက်ရောက်ခဲ့ကြကြောင်း၊ ယခုအကြိမ် ဖိုရမ်တွင် တရုတ်- အာဆီယံ သစ်သီး ကူးသန်းရောင်းဝယ်မှုနှင့် အချောကိုင်လုပ်ငန်း အပါအဝင် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယခုနှစ် ပထမ ၉ လအတွင်း ဖိန်ရှန်မြို့၏ သစ်သီး သွင်းကုန်ပို့ကုန် စုစုပေါင်း ပမာဏမှာ ၁၇၅ တန် ရှိကြောင်း သိရပါသည်။

   Webradio