• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ဆေးကုသမှုအသင်း နီပေါ၌ အခမဲ့ ဆေးကုသပေး

(GMT+08:00) 2017-12-11 13:47:34

        တရုတ် စီချွမ်းပြည်နယ်မှ ဆေးကုသမှုအသင်းသည် နီးပေါနိုင်ငံ၌ အခမဲ့ ဆေးကုသမှုပေးရေး ဖွင့်ပွဲအခမ်းအနားကို ယခုလ ၁၀ ရက်နေ့ညက ခတ္တမန္ဒူမြို့၌ ကျင်းပခဲ့ရာ တရုတ်စီချွမ်းပြည်နယ်မှ ဆရာဝန်နှင့် သူနာပြု အယောက် ၂၀ ခန့်တို့သည် ခတ္တမန္ဒူမြို့ အနီး ရပ်ကွက် ၅ ခု၌ အခမဲ့ ဆေးကုသမည်ဖြစ်ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

        ယင်း ဆေးကုသမှုအသင်းမှ အသင်းဝင်များသည် စီချွမ်းပြည်နယ် ပြည်သူ့ဆေးရုံ၊ စီချွမ်းပြည်နယ် ကျန်းမာရေးနှင့် မိသားစုစီမံကန်းကော်မတီနှင့် စီချွမ်းပြည်နယ် ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာ စသည့် ဌာနများမှ ဆရာဝန်နှင့် သူနာပြုများဖြစ်ကြကြောင်း သတင်းအရ သိရပါသည်။

   Webradio