• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်သည် ဂျေရုဆလင်ကို အစ္စရေး၏မြို့တော် အဖြစ် အသိအမှတ်ပြုခြင်းသည် မှားယွင်းသော ဆုံးဖြတ်ချက်ဖြစ်ကြောင်း အီရန်ဆို

(GMT+08:00) 2017-12-11 13:17:08

    အီရန်သမ္မတ ရိုဟာနီက ယမန်နေ့ ၁၀ ရက်နေ့က တီဟီရန်မြို့၌ အလည်အပတ်ရောက်ရှိနေသော ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဘောရိစ် ဂျွန်စိန်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ရာတွင် အမေရိကန်သည် ဂျေရုဆလင်ကို အစ္စရေး၏မြို့တော် အဖြစ် အသိအမှတ် ပြုခြင်းသည် မှားယွင်းသော ဆုံးဖြတ်ချက်ဖြစ် ကြောင်း၊ ယင်းသည် အရှေ့အလယ်ပိုင်းဒေသတွင် မတည်မငြိမ်ဖြစ်မှုကို ပိုမို ဆိုးဝါးစေမယ်ဖြစ်ကြောင်း ပြောကြားသည်ဟု အီရန်နိုင်ငံတော်မီဒီယာမှ သတင်းကို ကိုးကား၍ ဆင်ဟွာသတင်းဌာနက ရေးသား ဖော်ပြပါသည်။

   Webradio