• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်သည် ဂျေရုဆလင်ကို အစ္စရေး၏မြို့တော် အဖြစ် အသိအမှတ် ပြုခြင်းကို အင်ဒို ပြစ်တင်ရှုတ်ချ

(GMT+08:00) 2017-12-11 10:19:06

အမေရိကန် သမ္မတ ထရန့်က၊ အမေရိကန်သည် ဂျေရုဆလင်ကို အစ္စရေး၏ မြို့တော် အဖြစ် အသိအမှတ် ပြုသည်ဟု မကြာမီက ကြေညာခဲ့ကြောင်း၊ ကမ္ဘာ့ နိုင်ငံများစွာ တို့သည် အမေရိကန်၏ ယင်းလုပ်ရပ်ကို ပြစ်တင်ရှုတ်ချခဲ့ကြောင်း၊ မူဆလင် ဦးရေ အများဆုံး ရှိသည့် အင်ဒိုနီးရှားနိုင်ငံ အစိုးရသည်လည်း အမေရိကန်၏ ယင်း တဖက်သတ် ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ကြောင်း ဆင်ဟွာသတင်းဌာနမှ သတင်းအရ သိရပါသည်။

မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ယခုလ ၇ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြီး အမေရိကန်အစိုးရ၏ ယင်းဆုံးဖြတ်ချက်အပေါ် စိုးရိမ်မကင်း ဖြစ်နေပြီး အမေရိကန်သည် ယင်းဆုံးဖြတ်ချက်ကို ပြန်လည် စဉ်းစားရမည် ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။

   Webradio