• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အီရတ်သည် အိုင်အက်စ်နှင့် တိုက်ပွဲ အောင်သော်လည်း ခြိမ်းခြောက်မှုကို ရင်ဆိုင်မြဲ ရင်ဆိုင်နေရသေးသည်

(GMT+08:00) 2017-12-11 10:00:12

အီရတ် ဝန်ကြီးချုပ် အာဘာဒီက၊ အီရတ် အစိုးရတပ်ဖွဲ့သည် အိုင်အက်စ် အစွန်းရောက် အဖွဲ့၏ အီရတ်၌ သိမ်းပိုက်သော ဒေသ အားလုံးကို ပြန်သိမ်းလာပြီ ဖြစ်ပြီး အီရတ်သည် အိုင်အက်စ် တိုက်ခိုက်ရေးဆိုင်ရာ သမိုင်းဝင် အောင်ပွဲ ရရှိပြီဟု ယခုလ ၉ ရက်နေ့က ကြေညာခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ကျွမ်းကျင်ပညာရှင်များက၊ အိုင်အက်စ် အကြွင်းအကျန် အင်အားစုများ၏ အီရတ် လုံခြုံမှုအပေါ် ခြိမ်းခြောက်မှုသည် ရှိမြဲ ရှိနေသေးကြောင်း၊ အီရတ်နိုင်ငံတွင် မတူခြားနားသော ဘာသာရေးဂိုဏ်းများနှင့် တိုင်းရင်းသားများ ကျေအေးရေး ရရှိမှသာ အရင်းအမြစ်မှနေ၍ အစွန်းရောက်အဖွဲ့ကို သုတ်သင်နိုင်မည် ဖြစ်ကြောင်း ယူဆကြပါသည်။

   Webradio