• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည် နိုင်ငံတကာ အခြေအနေနှင့် တရုတ်ပြည် သံတမန်ရေး နှီးနှောဖလှယ်ပွဲ တက်ရောက်

(GMT+08:00) 2017-12-11 09:45:40

ယခုလ ၉ ရက်နေ့က ကျင်းပသော ၂၀၁၇ ခုနှစ် နိုင်ငံတကာ အခြေအနေနှင့် တရုတ်ပြည် သံတမန်ရေး နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင်၊ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက၊ ကိုးရီးယားကျွန်းဆွယ်သည် အင်အားပြ၊ ရန်ငြိုးထားနေသည့် အခြေအနေဆိုးတွင် တည်ရှိနေသေးသဖြင့် ရှေ့အလားအလာ အပေါ် အကောင်းဘက်မှ မရှုမြင်လိုပါကြောင်း၊ သို့သော် ငြိမ်းချမ်းရေး ရရှိနိုင်ရန် မျှော်လင့်ချက် မပျောက်ဆုံးသေးကာ စေ့စပ်ဆွေးနွေးနိုင်ဖွယ်ရာ ရှိနေသေးကြောင်း၊ လက်နက် အင်အား အသုံးပြုရန်ကို လုံးဝ လက်မခံနိုင်ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

၂၀၁၈ ခုနှစ် တရုတ်ပြည်၏ သံတမန်ရေးနှင့် ပတ်သက်ပြီး ဝမ်ယိက၊ လာမည့်နှစ်တွင် တရုတ်နိုင်ငံသည် ပိုအော် အာရှဖိုရမ်နှင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ချင်းတောင် ထိပ်သီး အစည်းအဝေးကို ကောင်းမွန်အောင် စည်းရုံး ကျင်းပမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio