• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၇ ကြိမ်မြောက် နိုင်ငံတကာ တရုတ်ရေးရာပညာဖိုရမ် ကျင်းပ

(GMT+08:00) 2017-12-11 08:49:15

"ခေတ်သစ် တရုတ်ပြည်" ဆောင်ပုဒ် ဖြစ်သည့် ၇ ကြိမ်မြောက် နိုင်ငံတကာ တရုတ်ရေးရာပညာ ဖိုရမ်ကို ယခုလ ၁၀ ရက်နေ့က တရုတ်ပြည် ရှန်ဟိုင်းမြို့၌ ဖွင့်လှစ် ခဲ့ကြောင်း၊ နိုင်ငံနှင့်ဒေသ ၃၀ ကျော်မှ တရုတ်ရေးရာပညာ ကျွမ်းကျင်ပညာရှင် ၁၈၀ ကျော်တို့သည် ဖိုရမ်သို့ တက်ရောက်ခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

အစည်းအဝေး တက်ရောက်သူများက၊ ခေတ်သစ်တွင် တရုတ်နိုင်ငံက နိုင်ငံတကာ ဖွံ့ဖြိုးရေးအတွက် ဖန်တီးပေးသော အခွင့်အလမ်း များသည်ထက် များလာမည် ဖြစ်ပြီး တရုတ်နိုင်ငံက ကမ္ဘာကြီးအတွက် ဖွင့်ပေးသော တံခါးလည်း ကြီးသည်ထက် ကြီးလာမည် ဖြစ်ကြောင်း ယူဆကြပါသည်။

   Webradio