• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြောက်ကိုးရီးယားသည် ကုလ ဒုအတွင်းရေးမှူးချုပ်၏ မြောက်ကိုးရီးယား ခရီးစဉ် အကြောင်း ဖေါ်ပြ

(GMT+08:00) 2017-12-10 10:03:41

မြောက်ကိုးရီးယားနိုင်ငံသည် ယခုလ ၉ ရက်နေ့က ပြန်တမ်း ထုတ်ပြန်ပြီး ကုလသမဂ္ဂ၏ နိုင်ငံရေး ရေးရာ တာဝန်ခံ ဒုအတွင်းရေးမှူးချုပ် ဖယ်လ် တမန်၏ မကြာမီက မြောက်ကိုးရီးယား ခရီးစဉ် အကြောင်းကို ရှင်းလင်းဖေါ်ပြခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ယင်းပြန်တမ်းတွင်၊ မြောက်ကိုးရီးယားနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးဌာနတို့သည် ယခုအကြိမ် ခရီးစဉ်သည် နှစ်ဖက်အကြား နားလည်မှု နက်ရှိုင်းစေရန် အတွက် အကျိုး ရှိသည်ဟု ယူဆပြီး နောင်တွင် အဆင့်ဆင့်သော ကူးလူးဖလှယ်မှုဖြင့် အချိန်မှန် အမြင်ချင်း ဖလှယ်ရန်လည်း သဘောတူကြကြောင်း ရေးသားဖေါ်ပြထားပါသည်။

   Webradio