• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည် ကိုးရီးယားကျွန်းဆွယ် နျူကလီးယား ပြဿနာ ပြောဆို

(GMT+08:00) 2017-12-10 09:28:21
ယခုလ ၉ ရက်နေ့က ကျင်းပသော ၂၀၁၇ ခုနှစ် နိုင်ငံတကာ အခြေအနေနှင့် တရုတ်ပြည် သံတမန်ရေး နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင်၊ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက၊ ကိုးရီးယားကျွန်းဆွယ်သည် ရန်ငြိုးထားနေသည့် အခြေအနေတွင် တည်ရှိနေသေးကြောင်း၊ သို့သော် စေ့စပ်ဆွေးနွေးနိုင်ဖွယ်ရာ ရှိနေသေးကြောင်း၊ လက်နက် အင်အား အသုံးပြုရန်ကို လုံးဝ လက်မခံနိုင်ကြောင်း၊ ယင်းပြဿနာကို ဖြေရှင်းရာတွင် ဘက်အသီးသီးတို့သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ပါ သတ်မှတ်ချက်များကို လိုက်နာရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။
   Webradio