• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တတိယအကြိမ်မြောက် တရုတ်-အာဆီယံ ချစ်ကြည်ရေး သီချင်းပွဲတော် ကျင်းပ

(GMT+08:00) 2017-12-09 08:34:02

စီအာအိုင် အသံလွှင့်ဌာနနှင့် ကျင့်ကျိုးမြို့ ပြည်သူ့အသံလွှင့်ဌာနတို့ ပူးတွဲ ဦးစီး ပြုလုပ်သော ၂၀၁၇ ခုနှစ် တရုတ်-အာဆီယံ ချစ်ကြည်ရေးသီချင်း ပွဲတော်ကို ယခုလ ၈ ရက်နေ့ညက တရုတ်ပြည် ဟိုနန်ပြည်နယ် ကျင့်ကျိုးမြို့ နိုင်ငံတကာ အစည်းအဝေး စင်တာ၌ ကျင်းပခဲ့ကြောင်း၊ စီအာအိုင် အသံလွှင့်ဌာန ဒုဥက္ကဋ္ဌ ဝမ်ဝင်ကျွင့်၊ အရှေ့တောင်အာရှ မီဒီယာ စင်တာ ဌာနမှူး အန်ရှောင်ယူ၊ ကျင့်ကျိုး ပြည်သူ့အသံလွှင့်ဌာန ဥက္ကဋ္ဌ ကိုရှန့်ယန်နှင့် လုပ်ငန်း ပေါင်းစုံမှ ပုဂ္ဂိုလ် တစ်ထောင်ခန့်တို့သည် ပွဲတော်ကို ကြည့်ရှုခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

မြန်မာနိုင်ငံမှ အဆိုတော် အပါအဝင် အာဆီယံ နိုင်ငံမှ အဆိုတော်များနှင့် တရုတ် အဆိုတော်များသည် တရုတ်နှင့် အာဆီယံ သီချင်းများကို သီဆို တင်ဆက် ဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိပါသည်။

   Webradio