• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၇ခုနှစ် ဓန နိုင်ငံတကာဖိုရမ်သို့ ရှီကျင့်ဖိန်ပေးပို့သော ဝမ်းမြောက်ကြောင်းသဝဏ်ကို ပြည်တွင်းပြည်ပကိုယ်စားလှယ်များတုံ့ပြန်ပြောဆို

(GMT+08:00) 2017-12-07 14:59:48

       ၂၀၁၇ခုနှစ် ဓန နိုင်ငံတကာဖိုရမ်ကို ယခုလ ၆ ရက်နေ့က တရုတ်ပြည်ကွမ်တုန်း ပြည်နယ် ကွမ်ကျိုးမြို့တွင် ဖွင့်လှစ်ခဲ့သည်။ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဆွီဆာလန်၊ ဆူဒန်နှင့် တရုတ်နိုင်ငံများမှ ဖိုရမ်တက်ရောက်သူများသည်၊ ၂၀၁၇ခုနှစ် ဓန နိုင်ငံတကာ ဖိုရမ်သို့  တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်ပေးပို့သော ဝမ်းမြောက်ကြောင်းသဝဏ်ပါ အကြောင်းအရာများအပေါ် များစွာသဘောတူထောက်ခံပါကြောင်း ဖော်ပြခဲ့သည်ဟု စီအာအိုင်ကဖော်ပြသည်။

 ဖိုရမ်သို့ တက်ရောက်သည့် ပြည်တွင်းပြည်ပကိုယ်စားလှယ်များက တရုတ်ပြည် သည်၊ အဆက်မပြတ်တံခါးဖွင့်ပြီး တစ်ကမ္ဘာလုံးအား အကျိုးပြုနိုင်ကြောင်း၊ မိမိနိုင်ငံတို့ အနေနှင့်၊ တရုတ်ပြည်နှင့်လက်တွဲပြီး၊ စီးပွားရေးတပြေးညီဖွံ့ဖြိုးတိုးတက်ရန်အတွက် တွန်းအားပေးလိုကြောင်း ဖော်ပြခဲ့ကြသည်ဟု သတင်းအရသိရသည်။

 

   Webradio