• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံတရားဥပဒေဖိုရမ်သို့ မြန်မာတရားရုံးချုပ်မှ တရားသူကြီးတက်ရောက်

(GMT+08:00) 2017-12-06 18:17:31

      တရုတ်ပြည်တရားဥပဒေအသင်းမှ ဦးစီးသည့် တရုတ်-အာဆီယံ တရားဥပဒေရေးရာ ပညာရှင်မိတ်ဆုံပွဲ၊ တရုတ်-အာဆီယံ တရားဥပဒေဖိုရမ်ကို ယခုလ ၆ ရက်နေ့က တရုတ်ပြည်ကွမ်ရှီးကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ် ရေးဒေသ နန်နင်းမြို့တွင် ကျင်းပခဲ့ရာ၊ ပြည်ထောင်စုမြန်မာနိင်ငံတော် တရားရုံးချုပ်မှ တရားသူကြီး ဦးခင်မောင်ကြည်သည်၊ ယင်းဖိုရမ်သို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း စီအာအိုင်သတင်းအရသိရသည်။

ထိုသို့မိန့်ခွန်းပြောကြားခဲ့ရာ၌၊ ဦးခင်မောင်ကြည်က၊ အိုဘီအိုအာ အဆိုပြုချက်တွင် ပါဝင်ခြင်းသည်၊ နိုင်ငံတစ်နိုင်ငံ၏ တိုးတက်မှုအတွက် တွန်းအားပေးနိုင်ပြီး၊ ပြည်သူများ အတွက် စီးပွားရေးအခွင့်အခါသစ်များဆောင်ကျဉ်းလာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု သတင်းအရသိရသည်။

   Webradio