• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးသည် ဥရောပသမဂ္ဂသို့ ခရီးလှည့်လည်

(GMT+08:00) 2017-12-06 09:28:29

ဥရောပသမဂ္ဂ နိင်ငံခြားရေးနှင့် လုံခြုံရေး မူဝါဒ ဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် ကိုဂေရီနီသည် ယခုလ ၅ ရက်နေ့က အလည်အပတ် ရောက်ရှိနေသော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တစ်လာစွန်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း၊ နှစ်ဦးနှစ်ဖက် တို့သည် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်၊ အီရန် နျူကလီးယား ပြဿနာ၊ မြောက်ကိုးရီးယား နျူကလီးယား ပြဿနာနှင့် ဆီးရီးယား ပြဿနာ စသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

အစောပိုင်းတွင် အမေရိကန် သမ္မတ ထရန့်က၊ အမေရိကန်သည် အီရန် နျူကလီးယား ပြဿနာဆိုင်ရာ သဘောတူစာချုပ်မှ နှုတ်ထွက်မည်ဟု ပြောကြားခဲ့ပြီး ဥရောပသမဂ္ဂကမူ ယင်းစာချုပ်ကို ထိန်းသိမ်းရန် စွဲကိုင်နေသဖြင့် အီရန် နျူကလီးယား ပြဿနာသည် ယခုအကြိမ် ဆွေးနွေးပွဲ၏ အာရုံစူးစိုက်ဖွယ်ရာ ဖြစ်လာကြောင်း သိရပါသည်။

   Webradio