• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယီမင်နိုင်ငံ ဆာနာမြို့၌ စစ်ရေး အချင်းပွါးမှု ဖြစ်ပွါး၊ လူ ၂၃၄ ဦး သေဆုံး

(GMT+08:00) 2017-12-06 09:12:15

ကမ္ဘာ့ ကြက်ခြေနီအသင်း ကော်မတီ အရှေ့အလယ်ပိုင်းရေးရာ တာဝန်ခံ အရာရှိ မာဒီနီက၊ ယီမင်နိုင်ငံ ဆာနာမြို့တော်၌ ဖြစ်ပွါးခဲ့သော စစ်ရေး အချင်းပွါးမှုတွင် သေဆုံးသူ ဦးရေမှာ ၂၃၄ ဦးအထိ တိုးလာပြီ ဖြစ်ကြောင်း၊ လူ ၄၀၀ ခန့် ဒဏ်ရာ ရရှိကာ ယင်းတို့အနက် ၃၈၃ ဦး ဒဏ်ရာပြင်းထန်ကြောင်း ယခုလ ၅ ရက်နေ့က ၄င်း၏ လူမှုကွန်ရက်တွင် ဖေါ်ပြထားသည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

ယီမင် သမ္မတဟောင်း စာလေဟ်သည် ၄ ရက်နေ့က ဟူစိန် လက်နက်ကိုင်များ ပစ်သတ် ခံခဲ့ရကြောင်း သတင်းရရှိပါသည်။

   Webradio