• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ကနေဒါ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ

(GMT+08:00) 2017-12-06 08:55:03

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၅ ရက်နေ့က ပီကင်း၌ အလည်အပတ် ရောက်ရှိလာသော ကနေဒါ ဝန်ကြီးချုပ် ထရပ်ဒိုနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ထိုသို့ တွေ့ဆုံရာတွင်၊ ရှီကျင့်ဖိန်က၊ တရုတ်နှင့် ကနေဒါ နိုင်ငံတို့သည် ကိုယ့်အားသာချက် ကိုယ်စီ ပိုင်ရှိပြီး အပြန်အလှန် ဖြည့်စွက်နိုင်ဖွယ်ရာ များပြားကာ ပူးပေါင်းဆောင်ရွက်ရန် အလားအလာ ကောင်းမွန်ပါကြောင်း ပြောကြားပါသည်။

ထရပ်ဒိုကလည်း၊ ယခုနှစ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် အရှိန် ကောင်းမွန်စွာဖြင့် တိုးတက်လာနေကြောင်း ပြောကြားပါသည်။

   Webradio