• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ဆိုင်ဟန်ပါ့ သစ်တောခြံသည် ကုလ အမြင့်ဆုံး ပတ်ဝန်းကျင်ဆု ရရှိ

(GMT+08:00) 2017-12-06 08:46:52

ကမ္ဘာလုံး စောင့်ကြပ်သူဆု Champions of the Earth သည် ကုလသမဂ္ဂ၏ သြဇာအာဏာ အရှိဆုံးသော ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးဆု ဖြစ်ကြောင်း၊ ယခုလ ၅ ရက်နေ့က တရုတ်ပြည် ဟိုပေ ပြည်နယ် ဆိုင်ဟန်ပါ့ နိုင်ငံတော်ပိုင် စက်ယန္တရားသုံး သစ်တောခြံ အပါအဝင် အဖွဲ့အစည်းသို့မဟုတ် ပုဂ္ဂိုလ် ၆ ခုတို့သည် ကမ္ဘာလုံး စောင့်ကြပ်သူဆုကို ရရှိခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ကုလသမဂ္ဂ ပတ်ဝန်းကျင် စီမံကိန်းအဖွဲ့သည် ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့၌ ၂၀၁၇ ခုနှစ် ကမ္ဘာ့စောင့်ကြပ်သူဆုများကို ချီးမြှင့်ခဲ့ကြောင်း၊ ရည်ရွယ်ချက်မှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင် အရည်အသွေး တိုးမြှင့်ရေး နယ်ပယ်တွင် ထူးချွန်သော အကျိုးသက်ရောက်မှု ပြုလုပ်သော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များအား ချီးမြှင့်ရန် ဖြစ်ကြောင်း သိရပါသည်။

ချီလီ သမ္မတ၊ အမေရိကန် အာကာသ ဦးစီးဌာန ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ထိပ်တန်း သိပ္ပံပညာရှင် နျူမန်၊ အများသုံး မိုဘိုင်း စက်ဘီး ကုမ္ပဏီ CEO ဟူဝေဝေ၊ ဆိုင်ဟန်ပါ့ သစ်တောခြံ စိုက်ပျိုး တည်ထောင်သူများ အပါအဝင် အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ် ၆ ခုတို့သည် ကမ္ဘာလုံး စောင့်ကြပ်သူဆုကို ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio