• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘာ့ အင်တာနက် အစည်းအဝေးတွင် အင်တာနက် ဖွံ့ဖြိုးမှု စက္ကူပြာစာတမ်း ထုတ်ပြန်

(GMT+08:00) 2017-12-05 09:03:20
စတုတ္ထ အကြိမ်မြောက် ကမ္ဘာ့ အင်တာနက် အစည်းအဝေးတွင် ယခုလ ၄ ရက်နေ့ နံနက်ပိုင်းက ၂၀၁၇ ခုနှစ် ကမ္ဘာ့ အင်တာနက် ဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာနှင့် ၂၀၁၇ ခုနှစ် တရုတ်ပြည် အင်တာနက် ဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာ အပါအဝင် စက္ကူပြာစာတမ်း နှစ်ခုကို ထုတ်ပြန် ခဲ့ကြောင်း၊ ယင်းစက္ကူပြာစာတမ်း နှစ်ခုတွင် ပြည်တွင်းပြည်ပမှ သတင်းအချက်အလက် နည်းပညာ၊ အခြေခံ အဆောက်အအုံ၊ အင်တာနက် လုံခြုံမှု၊ ဒစ်ဂျစ်တယ် စီးပွါးရေး၊ အင်တာနက် မီဒီယာ၊ အင်တာနက် နိုင်ငံရေး စီမံအုပ်ချုပ်ရေး၊ အင်တာနက် နိုင်ငံတကာ စီမံခန့်ခွဲရေး စသည့် အရေးကြီး လုပ်ငန်းနယ်ပယ်များ ပါဝင်ထားကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။
   Webradio