• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် နယ်မြေ အချုပ်အခြာအာဏာပိုင်မှုကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်မည်ဟု ကင်စွမ် ဆို

(GMT+08:00) 2017-12-05 08:40:58

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ တျောက်ယူကျွန်းနှင့် အနီးတဝိုက်ကျွန်းများသည် ရှေးပဝေသဏီကတည်းကပင် တရုတ်ပြည်၏ ပိုင်နက် နယ်မြေ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နယ်မြေ အချုပ်အခြာ အာဏာပိုင်မှုကို ဦးလည်မဟုန် ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်မည် ဖြစ်ကြောင်း၊ ဂျပန်သည် မည်သို့သော ပရိယာယ် လုပ်ဆောင်သည် ဖြစ်ဖြစ် တျောက်ယူကျွန်းသည် တရုတ်ပြည်၏ ပိုင်နက် နယ်မြေ ဖြစ်သည့် အဖြစ်မှန်ကို ပြောင်းလဲနိုင်မည် မဟုတ်ကြောင်း ယခုလ ၄ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio