• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ဘက်အသီးသီးတို့ လိုက်နာသင့်ဟု ဝမ်ယိ ဆို

(GMT+08:00) 2017-12-05 08:32:57

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဝမ်ယိသည် ယခုလ ၄ ရက်နေ့က ပီကင်း၌ မွန်ဂိုးလီးယား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဆိုဂ်ထ်ပါတာနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ ခဲ့ပြီးနောက် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ခဲ့သည်။

ကိုးရီးယားကျွန်းဆွယ် အခြေအနေနှင့် ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ဝမ်ယိက၊  မြောက်ကိုးရီးယားသည် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို လျစ်လျူရှုပြီး နျူကလီးယား ဒုံးကျည် သုတေသနပြု ထုတ်လုပ်မှု တွန်းအားပေးခြင်းကို တရုတ်ပြည်က တလျှောက်လုံး ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ဘက်အသီးသီးတို့ အားလုံး လိုက်နာသင့်ကြောင်း ပြောကြားပါသည်။

   Webradio