• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စတုတ္တ အကြိမ်မြောက် ကမ္ဘာ့အင်တာနက် အစည်းအဝေးထံသို့ ရှီကျင့်ဖိန် ပေးပို့သော သဝဏ်လွှာကို အစည်းအဝေးတက်ရောက်သူများ ချီးကျူး

(GMT+08:00) 2017-12-04 09:38:49

ယခုလ ၃ ရက်နေ့က တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် စတုတ္တ အကြိမ်မြောက် ကမ္ဘာ့အင်တာနက် အစည်းအဝေးသို့ သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန်၏ သဝဏ်လွှာတွင် နိုင်ငံတကာ အင်တာနက် စီမံခန့်ခွဲရေး စနစ် ပြုပြင်ပြောင်းလဲမှုသည် သော့ချက်ကျ ကာလသို့ ဝင်ရောက်ပြီဟု ရေးသားထားသည်။ ယင်းနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ ဒုအမှုဆောင် ဥက္ကဋ္ဌ ဖာတော်မာတာက၊ ကံကြမ္မာ အသိုက်အဝန်း ထူထောင်ရေး အတွေးအခေါ်သည် နိုင်ငံတကာ မိသားစုကြီး၏ ကျယ်ပြန့်သော သဘောတူညီမှု ဖြစ်လာပြီ ဖြစ်ကြောင်း ပြောကြားပါသည်။

အစည်းအဝေး တက်ရောက်သူများက၊ ယင်းသဝဏ်လွှာသည် နိုင်ငံတကာ အင်တာနက် ဖွံ့ဖြိုးမှု ရေစီးကြောင်းအပေါ် ဥက္ကဋ္ဌ ရှီကျင့်ဖိန် နက်ရှိုင်းစွာ နားလည် သိရှိခြင်းကို ပြသ နေကြောင်း ချီးကျူးကြပါသည်။

   Webradio