• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ဟုနင်သည် ကမ္ဘာ့အင်တာနက် အစည်းအဝေး တက်ရောက်နေသော နိုင်ငံခြား ဧည့်သည်များနှင့် တွေ့ဆုံ

(GMT+08:00) 2017-12-04 09:19:00
 တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင် အဖွဲ့ အမြဲတမ်း ကော်မတီဝင်၊ ဗဟို အတွင်းရေးမှူးဌာန အတွင်းရေးမှူး ဝမ်ဟုနင်သည် ယခုလ ၃ ရက်နေ့က တရုတ်ပြည် ကျဲ့ကျန်းပြည်နယ် ဝူးကျင့်မြို့၌ စတုတ္ထ အကြိမ်မြောက် ကမ္ဘာ့ အင်တာနက် အစည်းအဝေး တက်ရောက်နေသော ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ် ဘရာဂျင်၊ မွန်ဂိုးလီးယားနိုင်ငံ ဒုဝန်ကြီးချုပ် အင်တူဖှ်ရှင်၊ ပြင်သစ် နိုင်ငံ ဒုဝန်ကြီးချုပ်ဟောင်း ဒေဗစ်လေဖန်၊ အယ်ပို ကုမ္ပဏီ ထိပ်တန်း အမှုဆောင်အရာရှိ ကုခ်၊ စစ္စကို ကုမ္ပဏီမှ ထိပ်တန်း အမှုဆောင် အရာရှိ ချာ့ခ် ရောပင်စ်တို့နှင့် အသီးသီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာ သတင်း အရ သိရပါသည်။
   Webradio