• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတကာ နိုင်ငံရေးပါတီများသည် ပီကင်း ကမ်းလှမ်းချက်ကို ထုတ်ပြန်

(GMT+08:00) 2017-12-04 09:04:48

တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတကာ ပါတီ ခေါင်းဆောင်များ အဆင့်မြင့် ဆွေးနွေးပွဲကို ယခုလ ၃ ရက်နေ့က ပီကင်း၌ ကျင်းပ ပြီးစီး ခဲ့ကြောင်း၊ အစည်းအဝေးတွင် ပီကင်း ကမ်းလှမ်းချက်ကို အတည်ပြုခဲ့ပြီး နိုင်ငံရေးပါတီများအကြား အပြန်အလှန် ယုံကြည်မှုနှင့် ကူးလူးဖလှယ်မှုကို တိုးမြှင့်ရမည် ဖြစ်၍ အမျိုးအစားသစ် နိုင်ငံတကာ ဆက်ဆံမှု အခြေခံပေါ်တွင် တူညီမှုများကို ရှာကြံပြီး သဘောကွဲလွဲမှုများကို ဖယ်ရှားသည့်၊ အပြန်အလှန် လေးစားပြီး အပြန်အလှန် အတုယူကြသည့် အမျိုးအစားသစ် နိုင်ငံရေး ပါတီများ အကြား ဆက်ဆံမှုကို ရှာကြံရမည်ဟု ဖေါ်ပြထားကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

နိုင်ငံ ၁၂၀ ကျော်မှ နိုင်ငံရေးပါတီနှင့် နိုင်ငံရေး အဖွဲ့အစည်း ၃၀၀ ခန့်မှ ခေါင်းဆောင်တို့သည် ယခုအကြိမ် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။

   Webradio