• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စတုတ္ထ အကြိမ်မြောက် ကမ္ဘာ့ အင်တာနက် အစည်းအဝေး ဝူးကျင့်မြို့၌ ဖွင့်လှစ်

(GMT+08:00) 2017-12-04 08:56:06

စတုတ္ထ အကြိမ်မြောက် ကမ္ဘာ့ အင်တာနက် အစည်းအဝေးကို ယခုလ ၃ ရက်နေ့က တရုတ်ပြည် ကျဲ့ကျန်းပြည်နယ် ဝူးကျင့်မြို့၌ ဖွင့်လှစ်ခဲ့ကြောင်း၊ နိုင်ငံတကာ နာမည်ကြီး အင်တာနက် လုပ်ငန်းကုမ္ပဏီနှင့် ဆန်းသစ် လုပ်ငန်းကုမ္ပဏီ ၄၀၀ ကျော်တို့သည် ကမ္ဘာ့ အင်တာနက်လုပ်ငန်းနယ်ပယ်မှ ရှေ့ပြေး နည်းပညာများကို ပြသနေကြောင်း၊ ၃ ရက်ကြာ ကျင်းပမည့် ယခုအကြိမ် အစည်းအဝေးတွင် ပြည်တွင်းပြည်ပမှ ကိုယ်စားလှယ်များသည် ဒစ်ဂျစ်တယ် စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု၊ အင်တာနက် ကံကြမ္မာ အသိုက်အဝန်း လက်တွဲ ထူထောင်ရေး အပါအဝင် ကိစ္စရပ်များကို နက်ရှိုင်းစွာ ဆွေးနွေးကြမည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယခုအကြိမ် အစည်းအဝေး၏ ဆောင်ပုဒ်သည် "ဒစ်ဂျစ်တယ် စီးပွါးရေး ဖွံ့ဖြိုးတိုးတက်ခြင်း၊ တံခါးဖွင့်ရေးနှင့် အတူမျှဝေခံစားမှုကို တိုးမြှင့်ခြင်း၊ အင်တာနက် ကံကြမ္မာ အသိုက်အဝန်းကို လက်တွဲ ထူထောင်ခြင်း" ဖြစ်ကြောင်း သိရပါသည်။

သက်ဆိုင်ရာ စာရင်းအရ၊ ၂၀၁၆ ခုနှစ်တွင် တရုတ်ပြည် ဒစ်ဂျစ်တယ် စီးပွါးရေး အတိုင်းအတာမှာ တရုတ်ယွမ်ငွေ ဘီလီယံ ၂ သောင်း၂၄၀၀ ရှိပြီ ဖြစ်ပြီး တိုးတက်နှုန်းမှာ ၁၆့ ၆ ရာခိုင်နှုန်း ဖြစ်ကာ ဂျီဒီပီ စုစုပေါင်းပမာဏ၏ ၃၀့ ၁ ရာခိုင်နှုန်း ရှိပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio