• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတကာ ပါတီ ခေါင်းဆောင်များ အဆင့်မြင့် ဆွေးနွေးပွဲ ကျင်းပ ပြီးစီး

(GMT+08:00) 2017-12-04 08:32:02

တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတကာ ပါတီ ခေါင်းဆောင်များ အဆင့်မြင့် ဆွေးနွေးပွဲကို ယခုလ ၃ ရက်နေ့က ပီကင်း၌ ကျင်းပ ပြီးစီး ခဲ့ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံတော် ကောင်စီဝင် ယန်ကျယ်ချီသည် ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြား ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေး ဝန်ကြီးဌာန ဝန်ကြီး စွန့်ထောင်းသည် ပိတ်ပွဲအခမ်းအနားကို ကြီးမှူး ကျင်းပခဲ့ကြောင်း၊ ပိတ်ပွဲအခမ်းအနားတွင် ပီကင်း ကမ်းလှမ်းချက်ကို အတည်ပြုခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio