• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၆ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံဝန်ကြီးများအစည်းအဝေး ကျင်းပ

(GMT+08:00) 2017-12-02 15:05:09

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများ ဝန်ကြီးချုပ်ကောင်စီ ၁၆ ကြိမ်မြောက်အစည်းအဝေးကို နိုဝင်ဘာလ ၃၀ ရက်နေ့မျ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရုရှား နိုင်ငံ တောင်ပိုင်းဒေသ ဆိုချီမြို့တွင် ကျင်းပခဲ့ရာ၊ အစည်းအဝေးတက်ရောက်သူများသည်၊ အခြေအနေသစ်တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နယ်ပယ်များ၌ ပူးပေါင်း ဆောင်ရွက်မှုတွန်းအားပေးရေးနှင့် စပ်လျဉ်း၍ ကျယ်ပြန့်သော သဘောတူညီမှုများရရှိခဲ့ကြ ကြောင်း စီအာအိုင်က ဖော်ပြသည်။

တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီချုပ် လီခေ့ချန်သည်၊ ယခုအကြိမ်အစည်းအဝေးသို့ တက်ရောက်ပြီး၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ နောက်တစ်ဆင့် တိုးတက်ဖွံ့ဖြိုး ရေးအပေါ် တရုတ်ကမ်းလှမ်းချက်ကို တင်သွင်းခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio