• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတကာပါတီခေါင်းဆောင်များ အဆင့်မြင့်ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနား၌ ရှီကျင့်ဖိန်၏ မိန်ခွန်းပြောကြားချက်သည် ကျယ်ပြန့်သော သဘောတူညီမှု များခံရ

(GMT+08:00) 2017-12-02 15:04:42

တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတကာပါတီခေါင်းဆောင်များ အဆင့်မြင့်ဆွေးနွေးပွဲကို ယခုလ ၁ ရက်နေ့ညနေပိုင်းက ပီကင်းတွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ရာ၊ နိုင်ငံ ၁၂၀ ကျော်မှ ပါတီနှင့် နိုင်ငံရေးအဖွဲ့အစည်း ၃၀၀ ခန့်မှ ခေါင်းဆောင်များက တက်ရောက်ခဲ့ပြီး၊ ပါတီစီမံအုပ်ချုပ်ရေးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံများကို မျှဝေခံစား ပြီး၊ ပူးပေါင်းဆောင်၇ွက်ရေးနှင့် တိုးတက်ဖွံ့ဖြိုးရေးစီမံကိန်းများကို အတူတိုင်ပင်ဆွေးနွေးခဲ့ ကြကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

ကမ္ဘောဒီးယားပြည်သူ့ပါတီဥက္ကဋ္ဌ၊ အစိုးရဝန်ကြီးချုပ် ဟုန်ဆန်၊ စပိန်နိုင်ငံ တရုတ် ပေါ်လစီအကဲခတ်စင်တာဥက္ကဋ္ဌ Xulio Ríos၊  တရုတ်နိုင်ငံတကာရေးရာ သုတေသနဌာန အမြဲတမ်း ဒု ဥက္ကဋ္ဌ ရွန်ဇန်ဇယ်၊ ယူဂန္ဓါ ပြည်လုံးဆိုင်ရာ ခုခံရေးလှုပ်ရှားမှု ဒု အထွေထွေ အတွင်းရေးမှူး Todwong၊ အမေရိကန် ရီပတ်ဗလစ်ကင်ပါတီ ပြည်လုံးဆိုင်ရာ ကော်မတီ တာဝန်ခံ Parker အပါအဝင် အစည်းအဝေးတက်ရောက်သူများသည်၊ ရှီကျင့်ဖိန် ၏ မိန့်ခွန်း ပြောကြားချက်အပေါ် အသီးသီးချီးကျူးခဲ့သည်သု သတင်းအရသိရသည်။

   Webradio